HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အီရန်က အမေရိကန်နှင့် စစ်ခင်းရန် ကြိုးပမ်းခြင်း မရှိဟု ခါမေနီပြော

အီရန်က အမေရိကန်နှင့် စစ်ခင်းရန် ကြိုးပမ်းခြင်း မရှိဟု ခါမေနီပြော

တီဟီရန်
အီရန်နိုင်ငံ၏ အခေါင်အချုပ်ခေါင်း ဆောင် အယာတိုလာခါမေနီက အီရန်နိုင်ငံ အနေနှင့် အမေရိကန်ပြည်ထောင်စုနှင့် စစ်ခင်းရန် ကြိုးပမ်းမည်မဟုတ်ကြောင်း ပြော ကြားခဲ့သည်။  အီရန်နှင့် အမေရိကန်ပြည်ထောင်စု တို့၏ ဆက်ဆံရေးတင်းမာမှု အရှိန်မြှင့်တက် လာသည့် အခြေအနေတွင် မစ္စတာခါမေနီ က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက အရှေ့အလယ်ပိုင်းတွင် အီရန် သို့မဟုတ် အီရန်နိုင်ငံကို ကိုယ်စားပြု သူတို့က ခြိမ်းခြောက်နေဖွယ်ရှိသည်ဆိုခြင်း ကို တုံ့ပြန်သည့်အနေဖြင့် ထရန့်အစိုးရအဖွဲ့ က လေယာဉ်တင်တိုက်ခိုက်ရေး သင်္ဘော အုပ်စုနှင့် ဘီ-၅၂ ဗုံးကြဲလေယာဉ်များကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ခဲ့သည်။


ပြီးခဲ့သည့်အင်္ဂါနေ့က တွစ်တာပေါ်မှ နေ၍ မစ္စတာခါမေနီက ပြောကြားရာတွင် အီရန်နိုင်ငံက ဝါရှင်တန်၏ ပြုမူဆောင်ရွက်မှုအပေါ် ဆန့်ကျင်ခုခံရေးကိုသာ ရွေးချယ်ထား ကြောင်း၊ သို့ရာတွင် တီဟီရန်အစိုးရအနေနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုကို ရှောင်လွှဲ ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။  ထိုအတောအတွင်း အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရစ်က အမေရိ ကန်ပြည်ထောင်စုက မလိုလားအပ်သော အခြေအနေများကို တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း စွပ်စွဲပြောကြားခဲ့သည်။

Ref: NHK , RTE

#theyangontimes

Rate this item
(0 votes)
back to top