HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဆော်ဒီရေနံပိုက်လိုင်း ဒရုန်းများဖြင့် တိုက်ခိုက်ခံရ  

ဆော်ဒီရေနံပိုက်လိုင်း ဒရုန်းများဖြင့် တိုက်ခိုက်ခံရ   

ရီယာ့ဒ်
နိုင်ငံတစ်လွှားတွင် ဖြတ်သန်းတည် ဆောက်ထားသည့် ရေနံပိုက်လိုင်းများကို လက်နက်တပ်ဆင်ထားသော ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဆော်ဒီအာရေဗီးယား နိုင်ငံက ပြောကြားခဲ့သည်။ ဆော်ဒီစွမ်းအင်ဝန်ကြီး ခါလစ်အယ်လ် ဗာလစ်က ပြောကြားရာတွင် ရေနံပေးပို့သည့် စခန်းနှစ်ခုမှာ တိုက်ခိုက်မှုကြောင့် မီးလောင် ကျွမ်းခဲ့ပြီး အနည်းငယ်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုက အီရန်တို့ အား ပေးကူညီနေသည့် ယီမင်နိုင်ငံရှိ ဟူသီပြည်သူ့ စစ်များအပါအဝင် အကြမ်းဖက်ဝါဒီတို့ကို ရင် ဆိုင်ရန် အရေးပါသည့် အထောက်အထား ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြော ကြားခဲ့သည်။ ဟူသီတို့၏ ထုတ်ပြန်ကြေညာချက်တွင် လက်နက်တပ်ဆင်ထားသော ဒရုန်းခုနစ်စင်း က ပစ်မှတ်ကို အောင်မြင်စွာတိုက်ခိုက်ခဲ့သည် ဟုဆိုသည်။ တိုက်ခိုက်ခံရသော ဆော်ဒီပိုက် လိုင်းများသည် ပါရှန်းပင်လယ်ကွေ့အနီး ရေနံ တွင်းမှ ရေနံများကို ပင်လယ်နီရှိ ဆိပ်ကမ်း တစ်ခုသို့ ပို့ဆောင်ရာတွင် အသုံးပြုသည့်ပိုက် လိုင်းများဖြစ်သည်ဟု ဆိုသည်။


လွန်ခဲ့သည့်တနင်္ဂနွေနေ့ကလည်း ရေ လက်ကြားအနီးတွင် တိုက်ခိုက်ခံရမှုကြောင့် ဆော်ဒီအာရေးဗီးယား ရေနံတင်သင်္ဘောနှစ်စင်း များစွာပျက်စီးဆုံးရှုံးမှုနှင့် ကြုံခဲ့ရကြောင်း သိရသည်။ 

Ref: Bloomberg , Reuters

#theyangontimes

Rate this item
(0 votes)
back to top