HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းအစိုးရအဖွဲ့သစ်အတွင်း ဘဏ္ဍာရေး ဝန်ကြီးရာထူးကို ရယူလိုကြောင်း ဒုတိယဝန်ကြီးချုပ်ဆုမ်ကစ်က တောင်းဆို

ထိုင်းအစိုးရအဖွဲ့သစ်အတွင်း ဘဏ္ဍာရေး ဝန်ကြီးရာထူးကို ရယူလိုကြောင်း ဒုတိယဝန်ကြီးချုပ်ဆုမ်ကစ်က တောင်းဆို

ဘန်ကောက်၊ ဇွန် ၈ - ထိုင်းဒုတိယဝန်ကြီးချုပ် ဆုမ် ကစ် ဂျာတုဆရီပီတက်သည် ဖလန်း ပါရာချာရတ်ပါတီ(PPRP) အနေ ဖြင့် အဓိကအားဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဌာန ဝန်ကြီးရာထူးနေ ရာများကို ရယူလိုပြီး ယင်းရာထူး နေရာများ မိမိမရရှိပါက အစိုးရ အဖွဲ့သစ်တွင် မိမိ မပါဝင်နိုင်တော့ ဟု ဇွန် ၈ ရက်က ပါတီသတင်း ရင်းမြစ်များအရ သိရသည်။

ဒီမိုကရက်နှင့် ဘွန်ဂျာထိုင်း ပါတီတို့ကမူ ဝန်ကြီးနေရာများအား သီးသန့်တောင်းခံခြင်း မပြုခဲ့ကြချေ။ ယင်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေး ရာ ကိစ္စရပ်များအား ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်လိုသောကြောင့် ဖြစ် သည်ဟု ဆုမ်ကစ်က ထုတ်ဖော် ပြောဆိုလိုက်သည်။

ထိုင်းအစိုးရအဖွဲ့သစ် အတွင်း ၌ PPRP ခေါင်းဆောင်နှင့် စက်မှု ဝန်ကြီးဟောင်း အုတာမဆဗာနာ ယန်နာ၊ ပါတီအတွင်းရေးမှူးနှင့် ကုန်သွယ်ရေးဝန်ကြီးဟောင်း ဆွန် တီရတ်ဆွန်ကီဂျီရာဝန်၊ PPRP ဒုတိယခေါင်းဆောင် သိပံ္ပနှင့် နည်း ပညာဝန်ကြီးဟောင်း ဆူဗစ်မယ်စင် စီနှင့် ပါတီပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးချုပ်ရုံးဝန်ကြီး ကော့ဘ်ဆတ် ပူထရာကူလ်တို့လည်း ပါဝင်ကြ သည်။

ဆုမ်ကစ်က ထိုသို့ပြောသော် လည်း ထိုင်းအစိုးရအဖွဲ့သစ်တွင် မစ္စတာအုတာမသည် သယ်ယူပို့ ဆောင်ရေးဌာန၊ မစ္စတာဆွန်တီ ရတ်က ကူးသန်းရောင်းဝယ်ရေး ဌာနဝန်ကြီးများအဖြစ်လည်းကောင်း၊ မစ္စတာကော့ဘ်ဆတ်က ဘဏ္ဍာ ရေးဌာန အတွင်းဝန်အဖြစ်လည်း ကောင်း ရာထူးများ ခွဲဝေထားပြီး ဖြစ်သည်။

Ref: The Bangkok Post

Rate this item
(0 votes)
YMG

back to top