HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန်ဒေါ်လာ၏ အခန်းကဏ္ဍကို မော်စကို စီးပွားရေးဖိုရမ်တွင် သမ္မတပူတင် ဆွေးနွေး

အမေရိကန်ဒေါ်လာ၏ အခန်းကဏ္ဍကို မော်စကို စီးပွားရေးဖိုရမ်တွင် သမ္မတပူတင် ဆွေးနွေး

စိန့်ပီတာစဘတ်၊ ဇွန် ၈ - တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ရုရှား သမ္မတ ဗလာဒီမာပူတင်တို့သည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသော စီးပွားရေးဖိုရမ်တစ်ခုသို့ တက်ရောက်ခဲ့ကြ သည်ဟု ဇွန် ၈ ရက် သတင်းများအရ သိရသည်။

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ နှင့် ကုန်သွယ်ရေး စစ်ဖြစ်ပွားနေသော နိုင်ငံဖြစ်သည်။ ယခုဖိုရမ်၌ မိမိတို့နိုင်ငံများ အကြား ဖြစ်ပွားနေသော စီးပွားရေးမညီ မျှမှုများအား ဆွေးနွေးကြမည် ဖြစ်သည်။ စိန့်ပီတာစဘတ်မြို့ဖိုရမ်တွင် ရုရှားသမ္မတ ပူတင်က ဝါရှင်တန်အစိုးရသည် ကမ္ဘာကြီး တစ်ခုလုံးအပေါ်သို့ တရားဥပဒေစီရင်ပိုင် ခွင့်ရှိစေရန် တိုးချဲ့ဆောင်ရွက်နေသည်''ဟု ပြောဆိုလိုက်သည်။

ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ် လာ၏ အရေးပါမှုအခန်းကဏ္ဍအားလည်း သမ္မတပူတင်က ထုတ်ဖော် ပြောဆိုလိုက် သည်။

''တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့တွင် အမေရိကန်ဒေါ်လာဈေး ကျနေကြောင်း၊ သို့သော် မကြာမီ ဒေါ်လာဈေး ပြန်တက် လာမည်မျှော်လင့်သည်''ဟု သမ္မတပူတင် က ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်ကလည်း ကမ္ဘာ့စီးပွားရေး တစ်ဖက်စောင်းနင်းဖြစ်ကာ မညီမျှမှုများကို မကြာမီ ကျော်လွှား နိုင်လိမ့်မည်ဟုလည်း ဆွေးနွေးပွဲ၌ ပြော ဆိုလိုက်သည်။

''တရုတ်နိုင်ငံအနေဖြင့် 5G နည်းပညာကို မိတ်ဆွေနိုင်ငံများအား မျှဝေပေး ရန် ဆန္ဒရှိသည်''ဟုလည်း ရှီက ထုတ်ဖော် ပြောဆိုလိုက်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် စီးပွား ရေးဖိုရမ် တက်ရောက်ရန်နှင့် မော်စကိုသို့ ချစ်ကြည်ရေးခရီး သုံးရက်တာ ရောက်ရှိ နေခြင်းဖြစ်သည်။ ရှီကျင့်ဖျင်နှင့် ဗလာဒီ မာပူတင်တို့သည် ကရင်မလင်၌လည်း နှစ် နိုင်ငံ သီးသန့်ဆွေးနွေးခဲ့ကြသေးသည်။

Ref : AFP

Rate this item
(0 votes)
YMG

back to top