HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထရီဆာမေ ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက် သော်လည်း ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေဦးမည်

ထရီဆာမေ ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက် သော်လည်း ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေဦးမည်

လန်ဒန်၊ ဇွန် ၈ - ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည် အာဏာရ ကွန်ဆာဗေးတစ်ပါတီ ခေါင်း ဆောင်အဖြစ်မှ နုတ်ထွက်လိုက်ကြောင်း၊ သို့ရာတွင် ဝန်ကြီးချုပ်အဖြစ် သူမ၏နေရာကို ဆက်ခံမည့်သူအား ရွေးချယ်ပြီး သည့်အချိန်အထိ ဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းက ဇွန် ၈ ရက်တွင် ဖော်ပြလိုက်သည်။

သူမ၏နေရာကို ဆက်ခံမည့် ပုဂ္ဂိုလ် မှာ ပါတီခေါင်းဆောင် ဖြစ်ရမည်ဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမည် ဖြစ်သည်။ အဆိုပါ ဆက်ခံမည့်သူအား ဇူလိုင်လကုန်တွင် ကြေညာနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ဇွန် ၃ ရက်တွင် ကွန်ဆာဗေးတစ်ပါ လီမန်အမတ်များထံမှ ဝန်ကြီးချုပ်လောင်း အမည်စာရင်းကို တရားဝင် တောင်းခံခဲ့ရာ လုပ်ငန်းစဉ် စတင်ပြီဟုဆိုသည်။

ရွေးကောက်ပွဲစနစ်အား ဝေဖန်ကြ ရာတွင် မကြာမီနုတ်ထွက်တော့မည့် ဝန် ကြီးချုပ်သည် နောက်ထပ် အသစ်တစ်ဦး အမှတ် (၁ဝ) ဒေါင်းနင်းလမ်းသို့ မရောက် မချင်း ဝန်ကြီးချုပ်ရာထူးတွင် ဆက်လက် ရှိနေရသည်။

မေသည် ကွန်ဆာဗေးတစ်ပါတီ၏ခေါင်းဆောင်အဖြစ် သုံးနှစ် ဆောင်ရွက် ပြီးနောက် နုတ်ထွက်ခဲ့ရသည်။ လွန်ခဲ့သော လက အမှတ် (၁ဝ) ဒေါင်းနင်းလမ်းမှ ဇွန် ၇ ရက်တွင် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ရန် ကြေညာစဉ် မေသည် မျက်ရည်များ ကျခဲ့ရသည်။

မေသည် ဗြိတိန်အား အီးယူအဖွဲ့မှ ထွက်ရန် အစီရင်ခံစာများစွာတင်ခဲ့ရာ သူမ၏ ကွန်ဆာဗေးတစ်ပါတီကပါ လက် မခံခဲ့ဘဲ သူမကို နုတ်ထွက်စေခဲ့ခြင်း ဖြစ် သည်။ သူမ၏ ဗြိတိန်နုတ်ထွက်ရေးအကြံ ပြုချက်မှာ အောက်လွှတ်တော်တွင် လေး ကြိမ်တိတိ ပယ်ချခံခဲ့ရသည်။ ထို့ကြောင့် သူမမှာ မလွှဲမရှောင်သာဘဲ ရာထူးမှ နုတ် ထွက်ခဲ့ရခြင်း ဖြစ်သည်။

ပါတီခေါင်းဆောင်နေရာ ရွေးရန် တရားဝင် မတောင်းခံမီကပင် ပါတီဝင် ၁၁ ဦးမှာ ပါတီခေါင်းဆောင်အဖြစ် ယှဉ်ပြိုင် ရန် တစ်ပြေးနေခဲ့ကြသည်။ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်မှာ အ နိုင်ရမည်ဟု တစ်ပြေးလျက်ရှိသည်။ မေ ၏အားထားရသည့် လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဂျေရီမီဟန့်လည်း ပါဝင်ယှဉ်ပြိုင် မည်ဟု ဆိုသည်။

ကွန်ဆာဗေးတစ်ပါတီက ပါတီ ခေါင်းဆောင်လောင်း အမည်စာရင်းကို လျှော့ချရန် တစ်နိုင်ငံလုံးရှိ ပါတီဝင် ၁၄ဝဝဝဝ တို့က မဲပေးကာ ရွေးချယ်ကြ သည်ဟုဆိုသည်။

ဗြိတိန်ကို ခေါင်းဆောင်မည့်သူအား ဗြိတိန်နိုင်ငံသား အနည်းငယ်ကသာ ရွေး ချယ်ရပေသည်။ ဗြိတိန်သည် အောက်တို ဘာ ၃၁ ရက်တွင် အီးယူမှ ထွက်ရမည် ဖြစ်ရာ မေ၏နေရာကို ဆက်ခံပြီးနောက် ပါလီမန်မှတစ်ဆင့် အီးယူမှ ထွက်ရေးကို လုပ်ဆောင်သွားရမည်။

ပါလီမန်တွင် အီးယူနှင့် အနာဂတ် ဆက်ဆံရေးအတွက် သဘောထားများစွာ ကွဲပြားလျက်ရှိကြသည်ဟုဆိုသည်။

Ref: Xinhua

#YangonMediaGroup

Rate this item
(0 votes)
YMG

back to top