HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဗင်းနစ်မြို့အတွင်းသို့ အပျော်စီးသင်္ဘောများ ဝင်ရောက်မှုကို လူထောင်နှင့်ချီ ဆန့်ကျင်ဆန္ဒပြ  

ဗင်းနစ်မြို့အတွင်းသို့ အပျော်စီးသင်္ဘောများ ဝင်ရောက်မှုကို လူထောင်နှင့်ချီ ဆန့်ကျင်ဆန္ဒပြ   

ဗင်းနစ်၊ ဇွန် ၉

ဗင်းနစ်မြို့တွင် ကြီးမားသောရေယာဉ်တစ်စင်းနှင့် ခရီးသည်တင်လှေတစ်စင်းတို့ ပြီးခဲ့သည့်သီတင်းပတ်၌ တိုက်မိခဲ့ပြီးသည့်နောက် မြို့အတွင်းသို့ ကြီးမားသောအပျော်စီးသင်္ဘောများဝင်ရောက်မှု တားမြစ်ကန့်သတ်ရေးကိုတောင်းဆိုကြသည့် ထောင်နှင့်ချီသောလူအုပ်ကြီးက ဇွန် ၈ ရက်တွင် လမ်းမပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။ အီတလီမီဒီယာများ၏အဆိုအရ ဆန္ဒ ပြသူ ၅ဝဝဝ ခန့်သည် ''မြစ်နီးကမ်းစပ်မှ ကြီးမားသောလှေ သင်္ဘောများထွက်သွားရေး''ကဲ့သို့သော ကြွေးကြော်သံများပါဝင်သည့် လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး မြို့တစ်လျှောက်ဆန္ဒပြခဲ့ကြသည်။

မာဟီရာဒေသဆိုင်ရာ ဥက္ကဋ္ဌ ဂီရန်ဖရန်ကို ဘတ်တင်က 'အဲ့ဒီသင်္ဘောကြီးတွေဟာ မြစ်နီးကမ်းစပ်ကနေ ထွက်သွားရပါမယ်။ မြို့အတွက် အန္တရာယ်နဲ့ ဂေဟစနစ်ညီညွတ်မျှတမှုအတွက် မဆီမလျော်ဖြစ်နေပါတယ်''ဟုဆိုသည်။ ပြီးခဲ့သည့် ဇွန် ၂ ရက်တွင် ၁၃ ထပ်ရှိသော MSC Opera သင်္ဘောက အင်ဂျင်ချို့ယွင်းမှုဖြစ်ပေါ်ပြီး ဇိမ်ခံခရီးသည် သင်္ဘောတစ်စင်းကို ကုန်းပတ်တစ် လျှောက်ခြစ်ခဲ့ရာမှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းဆန္ဒပြမှုကို "No Big Ships" (သင်္ဘောကြီးများမရှိစေရေး) ဟု ခေါ်သောအဖွဲ့တစ်ခုမှစီစဉ်ခဲ့ခြင်းဖြစ် သည်။


ဗင်းနစ်မြို့ရှိ ဂီဒက်ကာတူး မြောင်းထဲတွင် ဖြစ်ပွားခဲ့သည့် ယင်းမတော်တဆမှု၌ ခရီးသည်လေးဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်ထဲတွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာဟု သတ်မှတ်ထားပြီး မြစ်နီးကမ်းစပ်၊ တူးမြောင်း၊ ခေါင်း လောင်းတာဝါနှင့် တံတားတို့ဖြင့် နာမည်ကျော်သည့်မြို့တွင် ကြီးမား သောရေယာဉ်များကြောင့် ထိခိုက်မှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ် ဖြစ်ပေါ်စေခဲ့သည်။ ဝေဖန်သူများ၏အဆိုအရ သင်္ဘောများကြောင့် ဖြစ်ပေါ်လာသော လှိုင်းများသည် ဗင်းနစ်မြို့အုတ်မြစ်များကို တိုက်စားမှုဖြစ်စေပြီး စိန့်မတ်ခ်ရင်ပြင် ရေအောက်နေရာကဲ့သို့သော အထင်ကရနေရာများတွင် ရေကြီးမှုကိုပါ ဖြစ် ပေါ်စေသည်ဟုသိရသည်။

Ref:AFP

#democracytoday

Rate this item
(0 votes)
back to top