HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မက္ကဆီကိုနိုင်ငံက လူဝင်မှုကြီးကြပ်ရေး သဘောတူညီချက်ကို လက်ခံကျင့်သုံးမည်ဟု အမေရိကန် သမ္မတထရန့် ယုံကြည်  

မက္ကဆီကိုနိုင်ငံက လူဝင်မှုကြီးကြပ်ရေး  သဘောတူညီချက်ကို လက်ခံကျင့်သုံးမည်ဟု  အမေရိကန် သမ္မတထရန့် ယုံကြည်   

ဝါရှင်တန်၊ ဇွန် ၉

မက္ကဆီကိုနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအတွင်းသို့ ရောက်ရှိရန်ကြိုးပမ်းနေကြသည့် ဗဟိုအမေရိကဒေသမှ ရွှေ့ပြောင်းသူများ ကိုရပ်တန့်ရန် တောင်ပိုင်းနယ်စပ်တွင် လုံခြုံရေးမြှင့်တင်ရေးနှင့် အငြင်းပွားဖွယ်နိုင်ငံရေးခိုလှုံမှု အစီအစဉ်ကိုတိုးချဲ့ရန် သဘောတူထား သည့် အပေးအယူတစ်ခုကို ခိုင်ခိုင်မာမာအကောင်အထည်ဖော်ကျင့်သုံးနိုင်မည်ဟု သမ္မတထရန့်က ဇွန် ၈ ရက်တွင် ခန့်မှန်းပြောကြားခဲ့သည်။ ဝါရှင်တန်မြို့တွင် သုံးရက်ကြာညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ ပြီးနောက် ဇွန် ၇ ရက်တွင် ကြေညာနိုင်ခဲ့သည့် ယင်းသဘောတူညီ ချက်သည် ပြီးခဲ့သည့် ဇွန် ၃ ရက်တွင်စတင်ခဲ့သည့် မက္ကဆီကိုထုတ်ကုန် ပစ္စည်းများအားလုံးအပေါ် အခွန်ငါးရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမည်ဟု သမ္မတထရန့်၏ ခြိမ်းခြောက်မှုကို ရပ်ဆိုင်းသွားစေခဲ့သည်။

ဇွန် ၈ ရက် နံနက်ပိုင်းတွင် သမ္မတထရန့်က ''မက္ကဆီကိုဟာ တော်တော်လေးကြိုးစားမှာပါ။ တကယ်လို့ သူတို့အဲဒါကိုလုပ်မယ် ဆိုရင် အမေရိကန်နဲ့မက္ကဆီကိုကြားက အောင်မြင်တဲ့သဘောတူညီ ချက်တစ်ခုဖြစ်လာမှာပါ''ဟု တွစ်တာတွင် ရေးသားခဲ့သည်။ သမ္မတ ထရန့်အစိုးရက ယင်းသဘောတူညီချက်သည် လူဝင်မှုပြဿနာကို ဖြေရှင်းနိုင်မည်ဟု ဘဏ္ဍာရေးဝန်ကြီး စတီဖင်မနူချင်က ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့တွင် ပြုလုပ်နေသည့် ဂျီ-၂ဝ အစည်းအဝေးပြင်ပတွင် ရိုက်တာသတင်းဌာန၏မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။


သို့သော် သမ္မတထရန့်သည် ယင်းသဘောတူညီချက်အသစ်ကို မက္ကဆီကိုနိုင်ငံက ကျင့်သုံးနိုင်ခြင်းမရှိပါက အခွန်တိုးမြှင့်ကောက်ခံမည့်အာဏာကို ထိန်းသိမ်းထားကြောင်း သတိပေးထားသည်။ သမ္မတထရန့်ကလည်း မက္ကဆီကိုအနေဖြင့် တရုတ်နှင့်ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားနေသည့်အတွက် ထိခိုက်နေရသည့် အမေရိကန်လယ်သမားများထံမှ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းအမြောက်အမြားကို စတင်ဝယ်ယူတော့မည်ဟု တွစ်တာတွင် ပြောဆိုခဲ့သည်။ မက္ကဆီကို နိုင်ငံဘက်မှ ၎င်းင်းတို့၏သဘောတူညီချက်အတိုင်းလိုက်ပါလုပ်ဆောင် ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်းမသိရသေးပေ။ လူဝင်မှုကြီးကြပ်ရေး သဘောတူညီချက်အရ ချမှတ်လိုက်သည့် ကန်-မက္ကဆီကို ပူးတွဲ ကြေညာချက်တွင် အမေရိကန်လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များကို မက္ကဆီကိုဘက်မှ ဝယ်ယူမှုကို တိုးချဲ့လုပ်ဆောင်မည်ဟု ဖော်ပြထားခြင်းမရှိပေ။ 

Ref:Reuters

#democracytoday

Rate this item
(0 votes)
back to top