HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဟန်ဂေရီမှ လှေနစ်မြုပ်မှုတွင် သေဆုံးသူ တောင်ကိုရီးယားနိုင်ငံသား အရေအတွက် ၁၉ ဦးအထိ မြင့်တက်  

ဟန်ဂေရီမှ လှေနစ်မြုပ်မှုတွင် သေဆုံးသူ တောင်ကိုရီးယားနိုင်ငံသား အရေအတွက် ၁၉ ဦးအထိ မြင့်တက်   

ဘူဒါပတ်၊ ဇွန် ၉

ဟန်ဂေရီနိုင်ငံတွင် ဝမ်းနည်းဖွယ် လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး နောက် ပြီးခဲ့သည့် ဇွန် ၈ ရက်တွင် တောင်ကိုရီးယား- ဟန်ဂေရီပူး ပေါင်းအဖွဲ့တစ်ခုက ဒန်းညုမြစ်အတွင်းရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းမှာ တောင်ကိုရီးယား အမျိုးသမီးတစ်ဦးဖြစ်ကြောင်း အတည်ပြုခဲ့သည့်အတွက် သေဆုံးသူအရေအတွက်မှာ ၁၉ ဦးအထိ မြင့်တက်လာပြီဖြစ်သည်။

ပြီးခဲ့သည့် မေ ၂၉ ရက်တွင် ဒန်းညုမြစ်အတွင်း၌ ကိုရီးယားခရီးသွား ၃၃ ဦးနှင့် ဟန်ဂေရီလှေ အမှုထမ်းနှစ်ဦးတို့ကို တင်ဆောင်ထားသည့်ဟာ ဘယ်နေလှေကို အနောက်မှ ပိုမိုကြီးမားသော ဆွစ်ဇာလန်အပျော်စီးသင်္ဘောက ဝင်တိုက်ခဲ့ပြီးနောက် တိမ်းမှောက် နစ်မြုပ်ခဲ့ရခြင်း ဖြစ်သည်။


ယင်းမတော်တဆမှု ဖြစ်ပွားပြီးနောက် တောင်ကိုရီးယားနိုင်ငံသား ခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ခုနစ်ဦးသေဆုံးကြောင်းနှင့် ၁၉ ဦးပျောက်ဆုံးနေကြောင်း အတည်ပြုနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန် ၈ ရက်ညနေပိုင်းတွင် ပျောက်ဆုံး နေသော တောင်ကိုရီးယားနိုင်ငံသားဟု ယူဆရသော အလောင်းတစ်ခုကို လှေနစ်မြုပ်ရာနေရာမှ ၂၂ ကီလိုမီတာကွာဝေးသည့် နေ ရာတွင်တွေ့ရှိခဲ့သည်။ လူအသေအပျောက်များ သောမတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၉ ဦး အထိမြင့်တက်လာခဲ့ပြီး ပျောက်ဆုံးနေသူမှာ ခုနစ်ဦးရှိနေဆဲဖြစ်သည်။

Ref:Yonhap

#democracytoday

Rate this item
(0 votes)
back to top