HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းအစိုးရအဖွဲ့သစ်တွင် ဝန်ကြီးဌာန တောင်းဆိုထားမှုများ မိမိတို့မပြောင်းလဲဟု ဒီမိုကရက်များက ဆို

ထိုင်းအစိုးရအဖွဲ့သစ်တွင် ဝန်ကြီးဌာန တောင်းဆိုထားမှုများ မိမိတို့မပြောင်းလဲဟု ဒီမိုကရက်များက ဆို

ဘန်ကောက်၊ ဇွန် ၁ဝ

The Democrat Party အား The Palang Pracharath Party  (PPRP) က အစိုးရအဖွဲ့သစ် အတွင်းရှိ အဓိက ဝန်ကြီးရာထူးနေ ရာများကို တောင်းခံထားခြင်းနှင့် စပ်လျဉ်း၍ ပြန်လည်စဉ်းစားပေး ပါရန် အကြံပြုတောင်းဆိုထား သည်ဟု ဇွန် ၁ဝ ရက်သတင်းများအ ရ သိရှိရသည်။ ဒီမိုကရက်ပါတီမှ သက်ထိုင်း ဆီနာပွန်က မိမိတို့ပါတီက အ စိုးရအဖွဲ့သစ် အဓိကဝန်ကြီးနေရာ များ တောင်းခံထားသည်ကို ပြန် လည်ရုပ်သိမ်းပေးမည်မဟုတ် ကြောင်း အကြောင်းပြန်ကြားထား သည်ဟု သတင်းထောက်များသို့ ထုတ်ဖော်ပြောဆိုလိုက်သည်။

''ဝန်ကြီးနေရာတောင်းခံထား မှု ပြောင်းလဲရင်တော့ မိမိတို့ပါတီက အစည်းအဝေးထိုင်မှာပါ။ အခုတော့ အစည်းအဝေးလည်း မထိုင်ရသေး ဘူး''ဟု ဘန်ကောက်ပိုစ့်သတင်းစာ တိုက်ကြီးသို့ ထုတ်ဖော်ပြောဆို လိုက်သည်။  PPRP သည် အစပထမ တုန်းက အစိုးရအဖွဲ့အတွင်း အဓိက ဝန်ကြီးနေရာများ တောင်းခံထား သည်ကို သဘောတူခွင့်ပြုထားပြီး ဖြစ်သည်။ ထိုင်းအစိုးရအဖွဲ့သစ်အတွင်း ဒီမိုကရက်ပါတီက စိုက်ပျိုးရေး၊ စီး ပွားရေးနှင့် လူမှုဝန်ထမ်းဌာနများအား တောင်းခံထားသည်။ The Bhumjaithai Party  မှ သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးနေရာကို တင် ပြတောင်းခံထားသည်။


သို့သော် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ဒုတိယသက်တမ်း ဝန်ကြီးချုပ်ပြန်ဖြစ်လာပြီးနောက် အစိုးရအဖွဲ့ဝင်ရာထူးနေရာများ ခွဲဝေရေးပြန်လည်သုံးသပ်ပြီးနောက် ယခုကဲ့သို့ အကြောင်းကြားလာ ခြင်းဖြစ်သည်။ ဒီမိုကရက်ပါတီ ကမိမိတို့စိုက်ပျိုးရေးနှင့် သမဝါယ မဌာနဝန်ကြီးများဖြစ်လာပါက လယ်သမားများဘဝ အာမခံချက် ရ ရှိရေးမူဝါဒထားရှိမည်ဖြစ်သည် ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။ ထိုင်းတွင် ပညာရေး၊ ပြည် သူ့ကျန်းမာရေး၊ ပြည်ထဲရေးနှင့် သယ်ယူပို့ဆောင်ရေးဌာနဝန်ကြီး များသည် ဒုတိယဝန်ကြီးချုပ်ရာထူး အဆင့် အာဏာရရှိထားနိုင်သော ဝန်ကြီးရာထူးနေရာများဖြစ်ကြ သည်။


''ဒီမိုကရက်ပါတီမှ တောင်းခံ ထားသော ဝန်ကြီးရာထူးနေရာများ သည် ပြောင်းလဲခြင်းမရှိ''ဟု ပါတီ ဒုတိယခေါင်းဆောင် နီပွန်ဘွန် ညာမာနီးက ပြောဆိုလိုက်သည်။  ''ဒါနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာမခန့်အပ်သေး ခင်ကပင် ကျွန်တော်တို့ပါတီမှအ ပြီးသတ်တင်ပြထားပြီးဖြစ်၍ ပြောင်း လဲရန်ကိစ္စထပ်ပြောဆိုရန်မရှိပါ။ အပြင်ကောလာဟလတွေက ကျွန် တော်တို့နဲ့ မဆိုင်ပါဘူး''ဟုလည်း ဆက်လက်ပြောဆိုလိုက်သည်။


Ref : The Bangkok Post

#democracytoday

Rate this item
(0 votes)
back to top