HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တရားခံ လွှဲပြောင်းပေးရေး အစိုးရသဘောတူညီ၍ ဟောင်ကောင်တွင် ဆန္ဒပြခြင်း၊ အကြမ်းဖက်ခြင်းများပြုလုပ်ခဲ့ကြ  

တရားခံ လွှဲပြောင်းပေးရေး အစိုးရသဘောတူညီ၍ ဟောင်ကောင်တွင် ဆန္ဒပြခြင်း၊ အကြမ်းဖက်ခြင်းများပြုလုပ်ခဲ့ကြ   

ဟောင်ကောင်၊ ဇွန် ၁ဝ

ဟောင်ကောင်မှ တရားခံများအား တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးပို့ရန် အစိုးရ၏ သဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြကြသူများသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြရာမှ ဇွန် ၁ဝ ရက်က အကြမ်းဖက်မှုများရှိလာသော ကြောင့် လုံခြုံရေးရဲများက ပြန်လည်တိုက်ဖျက်နေရသည်ဟု ဇွန် ၁ဝ ရက်သတင်းများအရ သိရှိရသည်။ ဇွန် ၉ ရက်ဆန္ဒပြရာတွင် လူပေါင်းတစ်သန်းက စုဝေးဆန္ဒပြ ခဲ့ကြပြီး ယင်းသို့ ဟောင်ကောင်တွင် ၁၉၇၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးသော လူထုစုဝေးဆန္ဒ ပြရာတွင် အချို့လူနည်းစုများက ပုလင်းများဖြင့် ပစ်ပေါက်ခြင်းစ သော အကြမ်းဖက်ဆူပူမှုများရှိခဲ့ကြခြင်းဖြစ်သည်ဟု သတင်းများအရ သိရှိရသည်။

ဆန္ဒပြလူအုပ်ကြီးကြောင့် ဟောင်ကောင်မြို့တွင်းလမ်းများ ပေါ်၌ လူများပြည့်ကျပ်နေပြီး လူအချို့ကို ဆန္ဒပြခေါင်းဆောင်များက ထိန်းသိမ်းမရဖြစ်ပြီး အကြမ်း ဖက်ဆူပူမှုများပြုလုပ်လာကြခြင်း ဖြစ်သည်။ ပါလီမန်အဆောက်အ အုံအနီးတစ်ဝိုက်တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်သူများအား ငရုတ် ကောင်းရည်များဖြင့် ပက်ဖျန်းကာ လူစုခွဲခဲ့ကြသည်။ သို့သော် အ ကြမ်းဖက်မှုများရပ်တန့်မသွား သောကြောင့် ရဲများသည် တစ်ညလုံးအင်အားသုံးကာ ဖြိုခွဲနေကြရ သည်။ 

Ref : Xinhua

#democracytoday

Rate this item
(0 votes)
back to top