HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

နယူးယောက်မြို့ရှိ မိုးမျှော်တိုက်ပေါ်သို့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ၊ တစ်ဦး သေဆုံး  

နယူးယောက်မြို့ရှိ မိုးမျှော်တိုက်ပေါ်သို့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ၊ တစ်ဦး သေဆုံး   

နယူးယောက်၊ ဇွန် ၁၁

နယူးယောက်မြို့၊ မက်ဟန်တန် အရပ်ရှိ မိုးပျံတိုက်တစ်ခုထိပ်ဖျားပေါ်သို့ ဇွန် ၁ဝ ရက်က ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီးနောက် ရဟတ်ယာဉ်မှူးမှာ သေဆုံးခဲ့ ကြောင်း မီးသတ်တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ ယင်းပျက် ကျမှုကြောင့် ခေါင်မိုးထပ်တွင် မီး စွဲလောင်ခဲ့သော်လည်း အလျင် အမြန်ငြှိမ်းသတ် နိုင်ခဲ့သည်ဟုဆို သည်။

အချို့လုပ်သားများကို တာဝါ မှ ရွှေ့ပြောင်းပေးလိုက်ရပြီး တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။ တိုင်းမ်စကွဲနှင့် နီးကပ်သော ယင်းရုံးအဆောက်အအုံတစ်ခုလုံးမှာ ယင်းဖြစ်ရပ်ကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရသည်ဟု နယူးယောက် မြို့ အုပ်ချုပ်ရေးမှူး အန်ဒရူးကိုမိုက ဆိုသည်။


အုပ်ချုပ်ရေးမှူး အန်ဒရူးက မက်ဟန်တန်တွင် လေယာဉ်တစ်စင်းပျက်ကျသည့်သတင်းကို ကြားရသည့် အခါ ၉/၁၁ တိုက်ခိုက်မှု စိတ်ခံစားချက်အဟောင်းများ ဖြစ်ပေါ် ခဲ့ကြောင်း ၎င်းင်းကဆိုသည်။ ဒေသတွင်း မီဒီယာများ၏ အဆိုအရ ရဟတ်ယာဉ်မှူးမှာ တင်မက်ကော် မက်ဖြစ်သည်ဟုဆိုသည်။ ၎င်းင်းသည် အင်ဂျင်နှစ်လုံးတပ် Agusta A109E အမျိုးအစား ရဟတ်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် တစ်ဦးတည်း သောပုဂ္ဂိုလ်ဖြစ်ကြောင်း ဖက်ဒရယ် လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ကဆိုသည်။ ယင်းဖြစ်ရပ်မှာ သတ္တမ ရိပ်သာလမ်းတွင် မိုးရွာပြီး မြူထူ သည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

အုပ်ချုပ်ရေးမှူး ကိုမိုက ကနဦးသတင်းပို့ချက်များ ရရှိခဲ့ပြီး နောက် နောက်ပြောင်မှု မဟုတ် ကြောင်း သိရှိခဲ့သည်ဟုဆိုသည်။ ၎င်းင်းက ''ရဟတ်ယာဉ်ဟာအရေး ပေါ် ဆင်းသက်ရပြီး အကြောင်း အရင်းတစ်ခုကြောင့် အဆောက် အအုံရဲ့ အမိုးပေါ်ကို ဆင်းသက်ခဲ့ ရတာဖြစ်ပါတယ်။ ရဟတ်ယာဉ်က ခေါင်မိုးကို တိုက်မိတဲ့ အချိန်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီအဆောက်အအုံမှာ ရှိတဲ့လူတွေက အဆောက်အအုံ လှုပ်ရမ်းသွားတာကိုခံစားခဲ့ရတယ်လို့ ပြောပါတယ်'' ဟု အခင်းဖြစ် ရာနေရာတွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကလည်း ယင်းပျက်ကျမှုမှာ စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ် ကြောင်း အိမ်ဖြူတော်တွင် ဇွန် ၁ဝ ရက်၌ ပြောကြားခဲ့သည်။

Ref : BBC

#democracytoday

Rate this item
(0 votes)
back to top