HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အသတ်ခံလိုက်ရသော မြောက်ကိုရီးယားခေါင်းဆောင်၏ ညီအစ်ကိုဝမ်းကွဲမှာ စီအိုင်အေ သတင်းပေးသူဖြစ်နေ ဟုဆို

အသတ်ခံလိုက်ရသော မြောက်ကိုရီးယားခေါင်းဆောင်၏ ညီအစ်ကိုဝမ်းကွဲမှာ စီအိုင်အေ သတင်းပေးသူဖြစ်နေ ဟုဆို

ဝါရှင်တန်၊ ဇွန် ၁၁

မြောက်ကိုရီးယားခေါင်း ဆောင်ကင်ဂျုံအန်၏ ညီအစ်ကို ဝမ်းကွဲတော်သူ ကင်ဂျုံနမ်မှာ ၂ဝ၁၇ ခုနှစ်က မလေးရှားနိုင်ငံတွင် အသတ်ခံခဲ့ရသည်။ ၎င်းင်းမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) ၏ သတင်းပေးတစ်ဦးဖြစ် နေကြောင်း၊ အမေရိကန် ဝေါစထရိုဂျာနယ်က ဇွန် ၁ဝ တွင် ဖော် ပြခဲ့ကြောင်း ရိုက်တာသတင်းက ဇွန် ၁၁ ရက်တွင် ဖော်ပြလိုက်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိနေသော အမည်မဖော်လိုသူ ပုဂ္ဂိုလ်အားရည်ညွှန်းလျက် ဂျာနယ်က ဖော်ပြခဲ့သည်မှာ ကင်ဂျုံနမ်နှင့် စီအိုင်အေတို့အကြား မည်သည့် အတိုင်းအတာအထိ ပါဝင်ပတ်သက် သည်ကိုမူ မသိရှိကြောင်း ဂျာနယ် ကဖော်ပြခဲ့သည်။

ဤသတင်းနှင့်ပတ်သက်၍ ရိုက်တာသတင်းက သီးခြားအတည် ပြုချက်မရှိဟု ဆိုသည်။ စီအိုင်အေ အဖွဲ့ကမူ ဤကိစ္စအပေါ် မှတ်ချက် ပေးရန် ငြင်းပယ်ခဲ့သည်။  အဆိုပါပုဂ္ဂိုလ်က CIA နှင့် ကင်ဂျုံနမ်တို့အကြား ဆက်သွယ်မှု ရှိသည်ကိုမူ ပြောပြခဲ့သည်ဟု ဆိုသည်။ အမေရိကန်အရာရှိများက ကင်ဂျုံအန်၏ညီအစ်ကိုဝမ်းကွဲမှာ မြောက်ကိုရီးယားနိုင်ငံ ပြင်ပတွင် နေထိုင်ပြီး၊ မြောက်ကိုရီးယား၏ အာဏာအခြေခံကို မသိဟုဆိုသည်။ ထိုကြောင့် လျှို့ဝှက်သောနိုင်ငံ၏ အတွင်းရေးကိုများစွာပြောပြနိုင် ခြေမရှိဟု ဂျာနယ်က ဖော်ပြခဲ့ သည်။


ယခင်အရာရှိဟောင်းများက ပြောကြားသည်မှာ ကင်ဂျုံနမ်သည် အခြားနိုင်ငံများမှာ ထောက်လှမ်း ရေးများနှင့် ပေါင်းသင်းသည်က များကြောင်း၊ အထူးသဖြင့် တရုတ် ထောက်လှမ်းရေးများဖြစ်ကြောင်း ဂျာနယ်ကဆိုသည်။  တောင်ကိုရီးယားနှင့် အမေ ရိကန်အရာရှိများက ပြောကြားရာ တွင် ကင်ဂျုံအန်သည် ၎င်းင်းတို့မိ သားစု၏ စဉ်ဆက်မပြတ်အာဏာ ရယူရေးတွင် အရေးပါသည့်နေရာ၌ ရှိနေသဖြင့် ကင်ဂျုံနမ်ကို မြောက် ကိုရီးယားက လုပ်ကြံသတ်ဖြတ်ခဲ့ ခြင်းဖြစ်သည်ဟု ပြောခဲ့ကြသည်။ ကင်ဂျုံနမ်သတ်ဖြတ်ခံရမှုအ ပေါ် မြောက်ကိုရီးယားက ငြင်းဆို ခဲ့သည်။


ကင်ဂျုံနမ်အား ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကွာလာလမ်ပူ လေဆိပ်၌ အမျိုးသမီးနှစ်ဦးက အဆိပ်ဓာတ်ငွေ့ပါသော အဝတ် ဖြင့် ၎င်းင်း၏နှာခေါင်းကို ပိတ်ကာ သတ်ဖြတ်ခဲ့ကြသည်။ မလေးရှားက အဆိုပါအမျိုး သမီးနှစ်ဦးဖြစ်သည့် ဗီယက်နမ်သူ ဒေါင်သီဟောင်ကို မေလတွင် လွှတ်ပေးခဲ့ပြီး၊ အင်ဒိုနီးရှားသူ ဆီ တီအစ်စ်ယာအား မတ်လထဲတွင် လွှတ်ပေးခဲ့သည်။


ဂျာနယ်က ဆက်လက်ဖော် ပြသည်မှာ ကင်ဂျုံနမ်သည် ဖေ ဖော်ဝါရီလတွင် မလေးရှားသို့ လာရောက်ခဲ့ပြီး ၎င်းင်း၏ CIA  အဆက်အသွယ်နှင့်တွေ့ဆုံခဲ့သည်ဟုဆိုသည်။ သို့ရာတွင် ဤခရီး စဉ်မှာ ¤င်းကိစ္စတစ်ခုတည်းအတွက် မဟုတ်ဟုဆိုသည်။ ထရန့်နှင့် ကင်ဂျုံအန်တို့၏ ဖေဖော်ဝါရီတွင် ဟနွိုင်းတွင်တစ် ကြိမ်နှင့် ယခင်နှစ် ဇွန်လက စင်ကာပူတွင်တစ်ကြိမ် တွေ့ဆုံခဲ့ကြ ပြီး ပုဂ္ဂိုလ်ရေးရင်းနှီးမှု ရခဲ့သော် လည်း နျူကလီးယားဖျက်သိမ်းရေး ကိစ္စသဘောတူညီမှု မရရှိခဲ့ကြပေ။

Ref: Reuters/CNA

#democracytoday

Rate this item
(0 votes)
back to top