HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

နယ်သာလန် ဟင်းသီးဟင်းရွက် မျိုးစေ့တီထွင်သူ ကမ္ဘာ့စားနပ်ရိက္ခာဆု ရရှိ

နယ်သာလန် ဟင်းသီးဟင်းရွက် မျိုးစေ့တီထွင်သူ ကမ္ဘာ့စားနပ်ရိက္ခာဆု ရရှိ

အိုင်အိုဝါ၊ ဇွန် ၁၁

နယ်သာလန်ဟင်းသီးဟင်း ရွက်မျိုးစေ့များသည် အထွက်နှုန်း ကောင်းခြင်း၊ ရောဂါပိုးဒဏ်ခံနိုင် ခြင်းများကြောင့် ဖိလစ်ပိုင်၊ ထိုင်း နှင့် အင်ဒိုနီးရှားနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၆ဝကျော် မှ ထောက်ခံတင်ပြလာမှုကြောင့် ၂ဝ၁၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံး အစားအစာအဖြစ် ဇွန် ၁ဝရက်က ဆုချီးမြှင့်ခြင်းခံရသည်ဟု ဇွန် ၁၁ ရက်သတင်းများအရ သိရှိရသည်။

ဟင်းသီးဟင်းရွက်မျိုးစေ့သုတေသီ ဆိုင်မွန်ဂရု(တ်)သည် အ ရှေ့တောင်အာရှ လယ်သမားများ အား စိုက်ပျိုးရေးတွင် ကူညီနိုင်ရန် ၁၉၈၁ ခုနှစ်မှစတင်ကာ အကူအ ညီပေးခဲ့ရာတွင် အသက် (၄၇)နှစ် တွင် ¤င်း၏ကုမ္ပဏီသည် အရှေ့ တောင်အာရှ တောင်သူလယ်သမား များအကြား ထင်ရှားကျော်ကြား လာခဲ့ရသည်။ သူသည် လွန်ခဲ့သော ၁၆ နှစ်ခန့်မှစတင်၍ အင်ဒိုနီးရှား သို့သွားရောက်ကာ ဟင်းသီးဟင်း ရွက်မျိုးစေ့များသုံး၍ စမ်းသပ်စိုက် ပျိုးပေးခဲ့သည်။ ဥရောပနှင့်ရာသီ ဥတုမတူကွဲပြားသော အပူပိုင်းဒေသ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ ၌ စမ်းသပ်သုတေသနပြုကာ ယင်း အင်ဒိုနီးရှားရာသီဥတုနှင့် ကိုက်ညီ သော၊ ပိုးမွှားကင်းရှင်းသော ဟင်း သီးဟင်းရွက်များကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့လေသည်။


မိမိတီထွင်လိုက်သော ဟင်း သီးဟင်းရွက်မျိုးစေ့များသည် မျိုး ရိုးဗီဇပြုပြင်ထားမှုကြောင့် အင်ဒို နီးရှားကဲ့သို့နိုင်ငံတွင် အောင်မြင် ဖြစ်ထွန်းပါက အခြားသောအရှေ့ တောင်အာရှနိုင်ငံများတွင် စိုက်ပျိုး ပါကလည်း အောင်မြင်မည်မှာသေ ချာခဲ့သည်။ ထိုကြောင့် ဆိုင်မွန် ဂရု(တ်)၏ ဟင်းသီးဟင်းရွက်မျိုး ဆက်သစ် မျိုးစေ့များကို မှာယူကာ ဖိလစ်ပိုင်နှင့်ထိုင်းတို့တွင်လည်း စိုက်ပျိုးဖြစ်ထွန်းခဲ့ကြသည်။ ယင်း ဟင်းသီးဟင်းရွက်များသည် အထွက် နှုန်းတိုးပွားခြင်း၊ ရောဂါပိုးမွှားဒဏ် ခံနိုင်ခြင်းများ ရှိခဲ့ကြသည်။


ဆိုင်မွန်ဂရု(တ်)နှင့်ပူးတွဲသုတေ သနလုပ်ကိုင်သူ ဟင်းသီးဟင်းရွက် မျိုးစေ့ကုန်သည် ဖိလစ်ပိုင်လူမျိုး ဘင်နီတို ဒိုမင်ဂိုသည် နယ်သာလန်နိုင်ငံ Wagenimgen တက္ကသိုလ်နှင့် ဖိလစ်ပိုင်တက္ကသိုလ်မှ ဟင်းသီး ဟင်းရွက်မျိုးစေ့သုတေသီအသင်း ဖွဲ့စည်းကာ မျိုးဆက်သစ်ဟင်းသီး ဟင်းရွက်မျိုးစေ့များကို ပေါင်းစပ် ထုတ်လုပ်နိုင်ခဲ့လေသည်။ ခရမ်းချဉ် သီး၊ ခရမ်းသီးများ၊ ဖရုံသီးများနှင့် အရွက်စားရသော ဟင်းသီးဟင်း ရွက်များအား အထွက်နှုန်းတိုး ရောဂါကင်းရှင်းစွာဖြင့် ဓာတုကင်း လွတ် စိုက်ပျိုးနိုင်ခဲ့သည်။

 

The East- West Sead Company ၏ အကူ အညီဖြင့် သီးနှံမျိုးစေ့ပေါင်း ၉၇ဝ နှင့် ဟင်းသီးဟင်းရွက်စေ့ ၆ဝ တို့ အား အောင်မြင်စွာ စိုက်ပျိုးထုတ် လုပ်နိုင်ခဲ့ကြသည်။ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများထိ ယင်းဟင်းသီးဟင်းရွက် တင်ပို့ရမှုများ ရှိလာကြသည်။ ကမ္ဘာ့ နိုင်ငံပေါင်း ၆ဝ ကျော်တို့တွင် ယင်း မျိုးဆက်သစ် ဟင်းသီးဟင်းရွက် စေ့များ ထုတ်လုပ်မှုမှ တောင်သူ လယ်သမား သန်း ၂ဝ တို့အား အကျိုးကျေးဇူးများ ဖြစ်ထွန်းစေ ခဲ့ရသည်ဟု အိုင်အိုဝါပြည်နယ် အခြေစိုက် ကမ္ဘာ့စားနပ်ရိက္ခာဆု ရွေးချယ်ရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ကက်နက်ကွင်းက ထုတ်ဖော်ပြော ဆိုလိုက်သည်။

Ref:AP

#democracytoday

Rate this item
(0 votes)
back to top