HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဖိလစ်ပိုင်တွင် မီးတောင်မှ အခိုးအငွေ့များ ထွက်လာ၍ လူပေါင်းထောင်နှင့် ချီကာ ထွက်ပြေးခဲ့ရ

ဖိလစ်ပိုင်တွင် မီးတောင်မှ အခိုးအငွေ့များ ထွက်လာ၍ လူပေါင်းထောင်နှင့် ချီကာ ထွက်ပြေးခဲ့ရ

အယ်လ်ဘေး၊ ဇန်နဝါရီ ၁၈ 

ဖိလစ်ပိုင်နိုင်ငံရှိ မီးတောင်တစ်ခုသည် ပေါက်ကွဲလုနီးပါးဖြစ်နေ၍ လူပေါင်း ၃၇ဝဝဝ ခန့်သည် ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးခဲ့ရသည်။ မနီလာမြို့အရှေ့ဘက် ကီလိုမီတာ ၅ဝဝ အကွာတွင်ရှိသော မေယွန်မီးတောင်သည် ဇန်နဝါရီ ၁၃ ရက်မှစတင်၍ ပြာများမှုတ်ထုတ်ပြီး ချော်ရည်များစီးထွက်လာခဲ့ကာ အာဏာပိုင်များက ပေါက်ကွဲလာမည့်အခြေအနေများအတွက် ကြိုတင်ပြင်ခဲ့ကြသည်။


မီးတောင်ကျွမ်းကျင်သူများက မီးတောင်ပေါက်ကွဲမှုသတိပေးခြင်း အခြေအနေကို အဆင့်ငါးဆင့် သတ်မှတ်ထားရာ ယခုတစ်ကြိမ် မီးတောင်ပေါက်ကွဲသည့် အခြေအ နေကို အဆင့်သုံး သတ်မှတ်ထားပြီး ထိုအခြေအနေအရ မီးတောင်သည် သီတင်းပတ်အနည်းငယ်အတွင်း (သို့မဟုတ်)ရက်ပိုင်းအတွင်း ချော်ရည်များ ပေါက်ထွက်လာနိုင်သည်။


မီးတောင်သည် မှောက်ထားသည့် ကတော့တစ်ခု၏ပုံသဏ္ဌာန ရှိကာ လှပသောကြောင့် နာမည် ကျော်ကြားသည်။ ဖိလစ်ပိုင်နိုင်ငံရှိ ပေါက်ကွဲမှုအဖြစ်ဆုံး မီးတောင်များတွင် ပါဝင်သည်။  ပြီးခဲ့သည့် နှစ်ပေါင်း ၅ဝဝ အတွင်း ထိုမီးတောင်သည် အကြိမ် ၅ဝ ခန့် ပေါက်ကွဲခဲ့သည်။ ၁၈၄၁ ခုနှစ်က ယင်းမီးတောင်ပေါက်ကွဲ စဉ်တွင် မြို့တစ်မြို့မှာ ချော်ရည်များဖုံးအုပ်သွားပြီး လူပေါင်း ၁၂ဝဝ သေဆုံးခဲ့သည်။


Ref; Aljazera

#democracytoday

Rate this item
(0 votes)
back to top