HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကယ်လီဖိုးနီးယားတွင် အထက်တန်းကျောင်း၌ သေနတ် ပစ်ခတ်မှုဖြစ်

ကယ်လီဖိုးနီးယားတွင် အထက်တန်းကျောင်း၌ သေနတ် ပစ်ခတ်မှုဖြစ်

လော့စ်အိန်ဂျလိစ်၊ မေ ၁၂

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ မြောက်ဘက် မိုင် ၆ဝ (၉၇ ကီလိုမီတာအကွာ) ပမ်း(မ) ဒေးလ်အထက်တန်းကျောင်းတွင် မေ ၁၁ ရက် နံနက် ၇ နာရီက အသက် (၁၄) နှစ်အရွယ် ကျောင်းသားတစ်ဦးသေနတ်ပစ်ခံရ၍ လက် မောင်းတွင် ဒဏ်ရာရရှိသွားခဲ့သည် ဟု လော့စ်အိန်ဂျလိစ်စီရင်စုရဲဌာနက မေ ၁၂ ရက်တွင် သတင်းထုတ် ပြန်ကြေညာလိုက်သည်။

တရားခံကျောင်းသားဖြစ်သူ အားသေနတ်နှင့်အတူ ဖမ်းဆီးထားသည်ဟုလည်း သတင်းတွင်ပါရှိခဲ့သည်။ ယင်းသည်ကျောင်းသားများ သေနတ်ကိုင်ဆောင်ခွင့်နှင့် စပ်လျဉ်းပြီး အောက်လွှတ်တော်တွင် ဆွေးနွေးပြောဆိုနေစဉ် ယခုကဲ့သို့ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ ယခင်ကလည်း ဖလော်ရီဒါ ပြည်နယ် ပါ့ခ်လန်းမြို့ မာဂျော်ရီစတုန်းမင်းဒေါက်ဂလပ်စ်အထက်တန်း ကျောင်း၌ ကျောင်းသားချင်းသေနတ်ပစ်မှုဖြစ်ပွားခဲ့၍ ကျောင်းသား ၁၇ ဦးနှင့် ကျောင်းဝန်ထမ်းများ ဒဏ်ရာများရရှိသွားခဲ့ရသည်။ ပမ်း(မ)ဒေးလ်မြို့တွင် လူ ၁၆ဝဝဝဝ ခန့်နေထိုင်ကြပြီး အမေရိကန်လေတပ်အတွက် လေယာဉ်နှင့် အပိုပစ္စည်းများကို ဘိုးအင်း ကုမ္ပဏီ၊ လော့ဟိမာတင်ကုမ္ပဏီနှင့် Northrop Grumman ကုမ္ပဏီတို့ပေါင်းစပ်ကာ ထုတ်လုပ်ပေးသွင်းရာမြို့ဖြစ်သည်။ 

Ref; Reuters

#democracytoday

Rate this item
(0 votes)
back to top