HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်အား ပြည်ပခရီး မသွားရန် ပိတ်ပင်၊ လေဆိပ်တွင် လူစုလူဝေးဖြစ်ပေါ်

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်အား  ပြည်ပခရီး မသွားရန် ပိတ်ပင်၊ လေဆိပ်တွင် လူစုလူဝေးဖြစ်ပေါ်

ကွာလာလမ်ပူ၊ မေ ၁၂

မလေးရှား 1MDB ဘဏ်နှင့် ငွေကြေးအရှုပ်အရှင်းရှိနေ သော ယခင်မလေးရှားဝန်ကြီးချုပ် ဟောင်း နာဂျစ်ရာဇတ်နှင့် ဇနီးဖြစ်သူ ရို့စမာမန်ဆာတို့အား မလေးရှားနိုင်ငံက Blacklist စာရင်းသွင်း ပြီး နိုင်ငံတွင်းမှ မည်သည့်ပြည်ပ ခရီးကိုမျှမထွက်ခွာရန် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက တား မြစ်လိုက်သည်ဟု မေ ၁၂ ရက် သတင်းများအရ သိရသည်။

မလေးရှားအထွေထွေရွေး ကောက်ပွဲတွင် မဟာသီယာမိုဟာ မက်ကိုရှုံးနိမ့်ခဲ့သူ¤င်းသည် ဇနီးသည်နှင့်အတူအနားယူရန် ပြည်တွင်းအပန်းဖြေခရီးထွက်မည်ဟု အစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့သွားရန် ပုဂ္ဂလိက ဂျက်လေယာဉ်တစ်စင်းကို လေဆိပ်တွင် အသင့်စီစဉ်ထားပြီးဖြစ်သည်။ နာဂျစ်နှင့် ဇနီးသည်တို့သည် 1MDB ကိစ္စရင်ဆိုင်အစစ် ဆေးခံရမည်ကိုစိုးရွံ့၍ ပြည်ပသို့ ထွက်ပြေးခိုလှုံရန် ကြံစည်နေသည်ဟူသော ကောလာဟလသတင်းများထွက်ပေါ်ခဲ့ရသည်။ မဟာသီယာက မိမိတို့အစိုးရအနေဖြင့် 1MDB ကိစ္စအား မရမနေ အမိအရဖော်ထုတ်မည်မဟုတ်သော်လည်း နာဂျစ်သည် ယင်းကိစ္စတွင် တာဝန်ရှိသူတစ်ဦးအနေဖြင့် ရင်ဆိုင်သင့်သည်ဟူ၍ ထုတ်ဖော်ပြော ကြားလိုက်သည်။ မစ္စတာနာဂျစ်နှင့် 1MDB ဘဏ်အရှုပ်တော်ပုံသည် ၂ဝဝ၉ ခုနှစ်ကစတင်ခဲ့ပြီး ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံအရှုပ် အရှင်းရှိနေပြီး ယင်းအနက်မှ ဒေါ်လာသန်း ၇ဝဝ အား နာဂျစ်က မိမိ ငွေစာရင်းသို့လွှဲပြောင်းရယူထားသည်ဟု အစွပ်စွဲခံထားရသည်။


နာဂျစ်အား ပြည်ပမထွက်ရန် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက အမိန့်ထုတ်ပြန်တားမြစ်ပြီး နောက် ကွာလာလမ်ပူမြို့ပြင်ရှိ Subang  လေဆိပ်ငယ်တစ်ခုတွင် လူဒါဇင်ပေါင်းများစွာတို့ လာ ရောက်စုဝေးခဲ့ကြသည်။ စောင့်ကြည့်သူပရိသတ် ၃ဝဝဝဝ ခန့်လည်းရှိနေကြသည်။ အဓိကရုဏ်းနှိမ်နင်းရေးရဲအဖွဲ့ဝင်များလည်း လာရောက်ခဲ့ကြသည်။ လူအုပ်ကြီးသည် လေဆိပ်အတွင်းဝင်ရောက် လာသောကားများအားတားဆီးခဲ့၍ ပြန်လှည့်သွားခဲ့ကြရသည်။

Ref:Reuters
#democracytoday

Rate this item
(0 votes)
back to top