HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပဲရစ် မြို့လယ်ကောင် ဓားကိုင် အကြမ်းဖက်မှုဖြစ်ပွား၊ လူလေးဦး ဒဏ်ရာရ၊ အကြမ်းဖက်သမားအား အသေပစ်ခတ် ဖမ်းဆီး

ပဲရစ် မြို့လယ်ကောင် ဓားကိုင် အကြမ်းဖက်မှုဖြစ်ပွား၊ လူလေးဦး ဒဏ်ရာရ၊ အကြမ်းဖက်သမားအား အသေပစ်ခတ် ဖမ်းဆီး

ပဲရစ်၊ မေ ၁၃

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ လယ်ကောင်တွင် အကြမ်းဖက်သမားတစ်ဦးသည် ''အလ္လာဟ်အရှင်သာ အကြီးမြတ်ဆုံး''ဟူ၍ ဟစ်အော်ကြွေးကြော်ကာ ဓားကိုင် ဝှေ့ယမ်းတိုက်ခိုက်ခဲ့၍ မေ ၁၂ ရက် နှောင်းပိုင်း အချိန်က လူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းကိုလည်း ရဲများက အသေပစ်ခတ် ဖမ်းဆီးလိုက်နိုင်ခဲ့သည်ဟု မေ ၁၃ ရက်တွင် အာဏာပိုင်များက ထုတ်ဖော် ပြောကြားလိုက်သည်။

ပြင်သစ်နိုင်ငံတွင် ၂ဝ၁၅ ခုနှစ်မှစတင်ကာ အစ္စလာမ္မစ် စစ်သွေးကြွများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၂၄ဝ သေဆုံးခဲ့ရကာ အကြမ်းဖက်မှု ပိုမိုများပြားလာခဲ့၍ နိုင်ငံအား အကြမ်းဖက်တိုက်ခိုက်မှုမှ သတိပြုကြရန် အာဏာပိုင်များက တပ်လှန့်နှိုးဆော်ချက်များ ပြုလုပ်ထားသည်ဟုလည်းသိရသည်။ သမ္မတမက်ခရွန်ကလည်း နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းအောင် ဆောင်ရွက်မှုများ ပြုလုပ်ထားသည်။ ယင်းနေ့ ဓားကိုင်ယမ်းကားမှုအတွက် ရဲများသည် နံနက် ၈ နာ ရီ ၄၇ မိနစ်က ဖုန်းတိုင်ကြားမှု လက်ခံရရှိခဲ့သည်။ နောက်ထပ် ကိုးမိနစ်အကြာတွင် ယင်းအကြမ်းဖက် တိုက်ခိုက်မှုအတွက် ဒုတိယအကြိမ် ဖုန်းသတင်း လက်ခံရရှိခဲ့သည်ဟု ပြင်သစ်ဝန်ကြီးချုပ် Edouard Philippe က သတင်းထောက်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။

 

ယင်းအကြမ်းဖက်သမားအား ရဲများက လက်နက်ချရန် သတိပေးသည်ကို မနာခံခဲ့၍ ပစ်ခတ်ဖမ်းဆီးရာမှ သေနတ်ထိမှန် သေဆုံးသွားခဲ့ ရသည်ဟု ရဲအရာရှိ Rocco Contento က သတင်းထောက်များကို ပြောကြားလိုက်သည်။ ယင်းအကြမ်းဖက်သမားသည် ချေချင်းညာဒေသတွင် မွေးဖွားသူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top