HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တော်ဝင်မိသားစုကို စော်ကားမှု ဥပဒေအသစ်ဖြင့် ကမ္ဘောဒီးယားတွင် ပထမဆုံး ဖမ်းဆီးမှုပြုလုပ်

တော်ဝင်မိသားစုကို စော်ကားမှု ဥပဒေအသစ်ဖြင့် ကမ္ဘောဒီးယားတွင် ပထမဆုံး ဖမ်းဆီးမှုပြုလုပ်

မနွမ်းပင်၊ မေ ၁၃

ဖေ့စ်ဘွတ်ခ်တွင် ရေးသားသော မှတ်ချက်တစ်ခုသည် တော်ဝင်မိသားစုကို စော်ကားရာရောက်သဖြင့် အသက် (၅ဝ)အရွယ် ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက် ကြောင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့က မေ ၁၃ ရက်တွင် ပြောသည်။  ထိုဖြစ်ရပ်သည် ယခုနှစ်ဆန်းပိုင်းက ပြဋ္ဌာန်းခဲ့သော တော်ဝင်မိသားစုကို စော်ကားမှု ဥပဒေအသစ် ဖြင့် ပထမဆုံးအကြိမ် အရေးယူလိုက်ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားလွှတ်တော်သည် တော်ဝင်မိသားစုအား စော်ကားမှုကို တားမြစ်သည့် ဥပဒေကို ဖေဖော်ဝါရီလတွင် တညီတညွတ်တည်း ထောက်ခံ အတည်ပြုပေးခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များကမူ ကမ္ဘောဒီးယားအစိုးရသည် ထိုင်းစစ်အစိုးရကဲ့သို့ပင် ထိုဥပဒေကို အသုံးပြုကာ အတိုက်အခံများကို နှိပ်ကွပ်လာနိုင်သည်ဟု ဝေဖန်သည်။


နိုင်ငံအလယ်ပိုင်း ကမ်ပေါင်သုမ်ပြည်နယ်မှ ရဲများသည် မူလတန်းကျောင်းအုပ် စီအန်နေထီကို ဖမ်းဆီးလိုက်သည်။ အတိုက်အခံ CNRP ပါတီ ဖျက်သိမ်းခံရမှုတွင် ဘုရင်သီဟမိုနီ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲရေးသားသောကြောင့် ဖမ်းဆီးရသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ ''သူ့ကို ဖမ်းထားပါတယ်။ အဲဒီမှတ်ချက်တွေ ဖေ့စ်ဘွတ်ခ်မှာ သူရေးခဲ့တယ်ဆိုတာကိုလည်း သူဝန်ခံထားပါတယ်''ဟု ရဲမှူးကြီးတစ်ဦးက ပြောသည်။ ဥပဒေသစ်အရ တော်ဝင်မိသားစုကို စော်ကားသူသည် ထောင်ဒဏ်တစ်နှစ်မှ ငါးနှစ်အထိ ကျခံရမည့်အပြင် ငွေဒဏ် ဒေါ်လာ ၅ဝဝ မှ ၂၅ဝဝ အထိကျခံရမည် ဖြစ်သည်။


Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top