HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကမ္ဘာတစ်ဝန်း နျူကလီးယား လက်နက် စမ်းသပ်မှု စောင့်ကြည့်မည့် စနစ် ဗီဒီယိုကို ရုရှားက ထုတ်ပြန်

ကမ္ဘာတစ်ဝန်း နျူကလီးယား လက်နက် စမ်းသပ်မှု စောင့်ကြည့်မည့် စနစ် ဗီဒီယိုကို ရုရှားက ထုတ်ပြန်

မော်စကို၊ မေ ၁၄

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၁၄ ရက်တွင် ၎င်း၏ လူမှုမီဒီယာမှတစ်ဆင့် ဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ဤဗီဒီယိုမှာ ကာကွယ်ရေးဝန်ကြီးဌာန၏ ကမ္ဘာတစ်ဝန်းလုံးမှ နျူကလီးယားလက်နက် စမ်းသပ်မှုများကို စောင့်ကြည့်ကြီး ကြပ်ရန်ဖြစ်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြလိုက်သည်။ ဤသည်မှာ ဝန်ကြီးဌာနက အထူးထိန်းချုပ်ရေးဌာန(SCS) ၏ လုပ်ငန်းကို ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း၊ ဤဌာနခွဲ၏ နှစ် (၆ဝ)ပြည့်တွင် ထုတ်ပြန်ခဲ့ကြောင်း ဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြလိုက်သည်။

နိုင်ငံခြား၌ နျူကလီးယားလက်နက်စမ်းသပ်မှုအား စောင့်ကြည့်ရန်အလုပ်မှာ အထူးထိန်းချုပ်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့က နိုင်ငံတကာသဘောတူညီချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ နျူကလီးယားလက်နက်စမ်းသပ်မှု ကန့်သတ်ရေးနှင့် တားမြစ်ရေး ဖြစ်ရမည်ဟု ကြေညာချက်က ဖော်ပြခဲ့သည်။ SCS က ရုရှား၏နိုင်ငံတကာ လုပ်ငန်းစဉ်၌ ပါဝင်မှုကို သေချာ သည်ကို ဖော်ပြခဲ့ကြောင်း၊ နျူကလီးယားစမ်းသပ်မှု ကျယ်ပြန့်သောစာချုပ် CTBT နှင့် ရုရှားပြည်ထောင်စုအစိုးရနှင့် ရုရှားသိပ္ပံ အကယ်ဒမီတို့ ပူးပေါင်းကာတက်ြ<ွကစွာ လုပ်ဆောင်သွားမည်ဟု ကြေညာချက်က ဖော်ပြခဲ့သည်။ 

Ref: Xinhua

#democracytoday

Rate this item
(0 votes)
back to top