HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဂျပန် အနောက်တောင် ကျူရှူးကျွန်း၌ ရှင်မို မီးတောင် ပေါက်ကွဲ

ဂျပန် အနောက်တောင် ကျူရှူးကျွန်း၌ ရှင်မို မီးတောင် ပေါက်ကွဲ

တိုကျို၊ မေ ၁၄

ဂျပန်နိုင်ငံအနောက်တောင်ဘက်ရှိ အဓိကကျွန်းမကြီးဖြစ်သော ကျူရှူးကျွန်းရှိ ရှင်မိုမီးတောင်သည် မေ ၁၄ ရက်မွန်းလွဲ ၂ နာရီ ၄၅ နာရီက ပေါက်ကွဲခဲ့သည်ဟု မိုးလေဝသအေဂျင်စီကသတင်း ဖော်ပြရေးသားလိုက်သည်။  ယင်း မီးတောင်သည် ကာဂိုရှီမာနှင့်မီ ယာဇာကီစီရင်စုတွင်ရှိ နေပြီး ချော်ရည်နှင့်ပြာပူများကို ကောင်းကင်အမြင့်မီတာ ၃၃ဝဝ ရောက်ရှိ အောင်မှုတ်ထုတ်ခဲ့သည်ဟု သတင်းတွင်ဖော်ပြခဲ့သည်။

ယင်းမီးတောင်ပေါက်ကွဲမှုအား မိုးလေဝသအေဂျင်စီက အဆင့်(၃)ပေါက်ကွဲအဖြစ်ဖော်ပြ သတိပေးချက်ထုတ်ပြန်ခဲ့သည်။ မီးတောင်ပေါက်ကွဲမှုအား အဆင့်ငါးဆင့်ခွဲခြားသတ်မှတ်ထားပြီး ယခုအဆင့်(၃)သည် မီး တောင်ပတ်ဝန်းကျင်သုံး ကီလိုမီတာအတွင်း ရှိနေသူများအား မီးတောင်မှမှုတ်ထုတ်သော ကျောက် တုံးကြီးများ ထိမှန်နိုင်မှုကို သတိပြု ရှောင်ရှားရမည့်အခြေအနေဖြစ်သည်။ ယင်းမီးတောင်သည် ဧပြီ ၆ ရက်က နောက်ဆုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး အခြားသတင်းအသေးစိတ် အကြောင်းအရာများအား အေဂျင် စီကမထုတ်ပြန်ခဲ့ချေ။


Ref: Xinhua

#democracytoday

Rate this item
(0 votes)
back to top