HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အနောက် ဘင်္ဂလားပြည်နယ် ဒေသန္တရ ရွေးကောက်ပွဲ၌ မဲပေးသူ အချင်းချင်း အဓိကရုဏ်းဖြစ်ပွား၊ ၁၂ ဦး သေဆုံး

အနောက် ဘင်္ဂလားပြည်နယ် ဒေသန္တရ ရွေးကောက်ပွဲ၌  မဲပေးသူ အချင်းချင်း အဓိကရုဏ်းဖြစ်ပွား၊ ၁၂ ဦး သေဆုံး

နယူးဒေလီ၊ မေ ၁၅

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အ နောက်ဘင်္ဂလားပြည်နယ်တွင် အောက်ခြေအဖွဲ့အစည်းများဖြစ် သော ကျေးလက်အုပ်ချုပ်ရေးအဖွဲ့ဒေသန္တရရွေးကောက်ပွဲကို မေ ၁၄ ရက်နံနက် ၇ နာရီက ကျင်းပရာတွင် ဆန္ဒမဲပေးရန် လာရောက်သူအချင်းချင်း အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦးသေဆုံးခဲ့ရသည်ဟု အရာရှိများက မေ ၁၅ ရက်တွင်ပြောဆိုလိုက်သည်။

နံနက် ၇ နာရီ မဲရုံများဖွင့်ပေးပြီး မကြာခင်အချိန်အတွင်းမဲလာ ရောက်ပေးသူအချင်းချင်းတိုးဝှေ့ မိကြရာမှ အချင်းများကာ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်ရဲအရာရှိကြီးဖြစ်သူ ဆူရာဂျစ်ကာပါကာယာသာကထုတ်ဖော် ပြောဆိုလိုက်သည်။ ပြည်နယ် တောင်ဘက်တွင် အဓိကရုဏ်း ကြောင့်မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ရသည်။ ဘာပရာခရိုင်တွင် အဓိကရုဏ်းကြောင့် သတင်းစာဆရာငါးဦးထိခိုက်ဒဏ်ရာရရှိသွား သည်ဟု သိရသည်။

 

မဲရုံများအား ညနေ ၅ နာရီ အထိဖွင့်လှစ်ခဲ့ရာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၇၅ ဒသမ ၅ ရာခိုင်နှုန်းလာ ရောက်မဲပေးခဲ့ကြသည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်သည်။ နံနက်ပိုင်းက Cooch Behar ခရိုင်မဲရုံတစ်ရုံ၌ အသေးစားပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး လူ ၂ဝ ဒဏ်ရာများ ရရှိသွားခဲ့သည်။ အဓိကရုဏ်းဖြစ်ပွားမှုအသေးစိတ်အား ပြည်ထဲ ရေးဝန်ကြီးဌာနက အနောက်ဘင်္ဂလားပြည်နယ်အစိုးရထံမှ အစီရင်ခံစာတောင်းခံထားသည်ဟုလည်း သိရသည်။ 

Ref:Xinhua 

#democracytoday

Rate this item
(0 votes)
back to top