HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မက္ကဆီကို ဘဏ်များမှ ပီဆို သန်းပေါင်း ရာနှင့်ချီသော ငွေများ ခိုးယူခံရ

မက္ကဆီကို ဘဏ်များမှ ပီဆို သန်းပေါင်း  ရာနှင့်ချီသော ငွေများ ခိုးယူခံရ

မက္ကဆီကိုစီးတီး၊ မေ ၁၅

မက္ကဆီကိုနိုင်ငံရှိ ဘဏ်များမှ ပီဆိုသန်းပေါင်း ရာနှင့်ချီသောငွေများ ခိုးယူခံခဲ့ရသည်ဟု သတင်းရင်းမြစ်နှစ်ဦးက ပြောကြားကြောင်း မေ ၁၅ ရက် ရိုက်တာသတင်းကဆိုသည်။ အခိုးခံရသော ဘဏ်များထဲတွင် မက္ကဆီကိုနိုင်ငံ၏ ဒုတိယအကြီးဆုံးဘဏ် Banorte လည်း ပါဝင်ခဲ့သည်။ အင်တာနက်ဖောက်ထွင်း ရေးသမား ဟက်ကာများသည် ငွေအလွှဲ/အထုတ်အော်ဒါအတုများ ရာနှင့်ချီဖန်တီးကာ ငွေများခိုးယူခဲ့ကြသည်။ အဆိုပါအမှုကို အစိုးရက စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဟက်ကာများသည် ပီဆိုသန်း ၃ဝဝ ကျော် (ဒေါ်လာ ၁၅ ဒသမ ၄ သန်း) ခိုးယူနိုင်ခဲ့ကြသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အခြားသတင်းရင်းမြစ်တစ်ဦးကမူ ပီဆိုသန်း ၄ဝဝ ခန့် အခိုးခံရသည်ဟုပြောသည်။ ငွေထုတ် သော အော်ဒါအတုအချို့ကို ဟန့်တားနိုင်ခဲ့သည်ဟုလည်း အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။


မက္ကဆီကို ဗဟိုဘဏ်ဥက္ကဋ္ဌ ဒီလီယွန်က အဆိုပါခိုးယူမှုသည် မကြုံစဖူး ပမာဏကြီးမားကြောင်း၊ နောက်နောင် ထိုကဲ့သို့ ထပ်မံမ ဖြစ်ပွားစေရန် လုပ်ဆောင်လျက်ရှိ ကြောင်း ပြောသည်။ သို့သော် နောက်ထပ် ဖောက်ထွင်းခိုးယူမှုများ ပေါ်ပေါက်မလာနိုင်ဟု မပြောနိုင်သည့်အတွက် သတိထားကြရန်လည်း ဘဏ်များကို တိုက်တွန်းလိုက်သည်။


အခိုးခံရသောဘဏ်များနှင့် အခိုးခံရသော ပမာဏကို ဒီလီယွန်က ထုတ်ဖော်မပြောကြားသေးပါ။ စုံစမ်းစစ်ဆေးနေဆဲသာဖြစ်သည် ဟု ၎င်းကပြောသည်။ ဟက်ကာများသည် ဗဟိုဘဏ်၏ ငွေအလွှဲ အပို့စနစ်ကို မဖောက်ထွင်းခဲ့ဘဲ ပုဂ္ဂလိကဘဏ်များ၏ လုံခြုံရေးစနစ်များကိုသာ ဖောက်ထွင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။


Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top