HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဂျေရုဆလင်၌ အမေရိကန် သံရုံးသစ် ဖွင့်လှစ်သဖြင့် ပါလက်စတိုင်းသားတို့ ဆန္ဒပြ ကန့်ကွက်၊ အစ္စရေးစစ်တပ်က ပစ်ခတ်၊ ၅၅ ဦး သေဆုံး

ဂျေရုဆလင်၌ အမေရိကန် သံရုံးသစ် ဖွင့်လှစ်သဖြင့် ပါလက်စတိုင်းသားတို့  ဆန္ဒပြ ကန့်ကွက်၊ အစ္စရေးစစ်တပ်က ပစ်ခတ်၊ ၅၅ ဦး သေဆုံး

ဂါဇာစီးတီး၊ မေ ၁၅ 

မေ ၁၄ ရက်ကအစ္စရေးနှင့် မိုင်အနည်းငယ်သာ ကွာဝေးပြီး ဂါဇာနယ်စပ်၌ ဆန္ဒပြပါလက်စတိုင်းများအား အစ္စရေးလုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်လူ စုခွဲခဲ့သောကြောင့် အနည်းဆုံးပါ လက်စတိုင်းလူမျိုး ၅၅ ဦးသေဆုံးကာ ၁၂ဝဝ ဒဏ်ရာများရရှိသွားခဲ့ရသည်ဟု သိရှိရသည်။ ထိုအချိန်၌ပင် အမေရိကန်နိုင်ငံ သံရုံးအား ဂျေရုဆလင်မြို့သို့ ပြောင်း ရွှေ့ဖွင့်လှစ်သော အခမ်းအနား ကျင်းပခဲ့သည်ဟု မေ ၁၅ ရက် သတင်းများအရ သိရှိရသည်။

အစ္စရေးနှင့်ဂါဇာဒေသအကြား၌ ဟားမတ်စ်လက်နက်ကိုင်များက သိမ်းပိုက်ထားပြီး ၂ဝ၁၄ ခုနှစ်မှ စတင်ခဲ့သော အစ္စရေး-ပါ လက်စတိုင်းစစ်ပွဲတွင် ယခုဖြစ်ရပ်သည် လူအသေအပျောက်အများ ဆုံးရှိခဲ့သော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ဂါဇာဆန္ဒပြသူများသည် ကားတာယာအဟောင်းများအားစုပုံကာ မီးရှို့ခဲ့ပြီးထွက်လာသော မီးခိုးများကို အကာအကွယ်ယူကာ အစ္စရေးစစ်သားများအား ခဲဖြင့်ပစ် ပေါက်ခြင်း ရန်စခြင်းများတစ်နေ့ လုံးပြုလုပ်ခဲ့ကြသည်။ နယ်စပ်လုံ ခြုံရေးတာဝန်ကျ အစ္စရေးစစ်သားများကလည်း ရော်ဘာကျည်များ သုံးကာပစ်ခတ်ခြင်း၊ မျက်ရည်ယိုဗုံးများဖြင့်ပစ်ကာ လူစုခွဲနှိမ်းနင်းခဲ့ကြသည်။ အစ္စရေးစစ်သားများ၏အ ကြမ်းဖက်လူစုခွဲမှုအား ကမ္ဘာတစ်ဝန်းလုံးကရှုတ်ချပြစ်တင်ခဲ့ကြသည်။


ပါလက်စတိုင်းဆန္ဒပြမှုများကို အခွင့်ကောင်းယူကာ ဟားမတ်စ် သူပုန်များကလည်း ဗုံးဖောက်ခွဲခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းကို အသွင်ယူလုပ်ဆာင်လာခဲ့ကြသည်။ ယင်းသို့ ရှုပ်ထွေးသော အခြေအနေများတွင် အမေရိကန်အစိုးရသည် မိမိတို့ သံရုံးအား ဂျေရုဆလင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သဖြင့် ပါလက်စတိုင်းသားများ၏ဆန္ဒပြမှုဖြင့် ဆူပူအကြမ်းဖက်မှုများ မြင့်တက်လာခဲ့ရသည်။


မေ ၁၄ ရက်က ဂါဇာနယ်စပ်အနီး အစ္စရေးပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၇ ဦးထိ ရှိခဲ့ရသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်သည်။ သို့သော်ယင်းသို့ ပစ်ခတ်ဖြို ခွဲခြင်းမှာ ဂါဇာနယ်စပ်ဆန္ဒပြမှု ကြောင့်(သို့မဟုတ်)သံရုံးပြောင်း ရွှေ့ ဖွင့်လှစ်ခြင်းကြောင့် ဖြစ်ရခြင်းအား ရှင်းလင်းကွဲပြားစွာ မဖော်ပြခဲ့ချေ။ ပြောင်းရွှေ့သံရုံးဖွင့်ပွဲအခမ်းအနားသို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အခြားအစ္စရေးထိပ်တန်းအရာရှိများ တက်ရောက်ခဲ့ကြသည်။ ယင်းသံရုံးဖွင့်ပွဲသို့ ထရန့်၏သမက် ဖြစ်သူနှင့် အရှေ့အလယ်ပိုင်းအ ရေးအကြံပေးပုဂ္ဂိုလ်ဂျာရက်ကု(ရှ်)နာနှင့်အတူ အိမ်ဖြူတော်အကြံ ပေးပုဂ္ဂိုလ်ဇနီးသည် အိုင်ဗင်ကာ ထရန့်၊ အမေရိကန်ဘဏ္ဍာရေးဝန် ကြီးစတီဗင်အမ်နူ၊ ရီပတ်ဘလီကန် လွှတ်တော်အမတ်လေးဦးနှင့် ရီပတ်ဘလီကန်ပါတီသို့ ငွေကြေးထည့် ဝင်ပေးသူ ရှယ်လ်ဒွန်အဒယ်လ်ဆန်တို့လည်း တက်ရောက်ခဲ့ကြသည်။ သံရုံးသစ်ဖွင့်ပွဲအား ဧဝံဂလိဘုန်းတော်ကြီး ရောဘတ်ဂျက်ဖ် ရက်စ်နှင့် ဂျွန်ဟေဂီတို့က ကောင်းချီးပေးဆုမွန်တောင်းခဲ့ကြသည်။


Ref: AP

#democracytoday

Rate this item
(0 votes)
back to top