HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

စက်မှု ထိပ်သီးအဖွဲ့တွင် ရုရှားကို ပြန်ထည့်ရန် ထရန့် အကြံပြုသော်လည်း ကနေဒါ ကန့်ကွက်

စက်မှု ထိပ်သီးအဖွဲ့တွင် ရုရှားကို ပြန်ထည့်ရန် ထရန့် အကြံပြုသော်လည်း ကနေဒါ ကန့်ကွက်

ကွိဘတ်၊ ဇွန် ၉

ရုရှားနိုင်ငံကို စက်မှုထိပ်သီး အဖွဲ့ထဲပြန်ထည့်ရန် အမေရိကန် သမ္မတဒေါ်နယ်ထရန့်က အကြံပြု ပြောကြားလိုက်ကြောင်း ဇွန် ၉ ရက် ဆင်ဟွာသတင်းကဆိုသည်။ စက်မှုထိပ်သီးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းပိုင် ကရိုင်းမီးယားကျွန်းဆွယ်ဒေသကို ရုရှားကျူး ကျော်သိမ်းပိုက်မှုနှင့်ပတ်သက်၍ ရုရှားကို ၂ဝ၁၄ ခုနှစ်တွင်အဖွဲ့ထဲ မှထုတ်ပယ်ခဲ့သည်။ ထို့ကြောင့် အဖွဲ့၏အမည်မှာ G-8 မှ  G-7  သို့ပြောင်းလဲခဲ့ရသည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် အဒမ် အော်စတင်ကမူ ထရန့်၏အကြံပြုချက်ကို လက်မခံခဲ့ဟုပြောသည်။ ''ရုရှားအပေါ် ကျွန်တော်တို့ရဲ့သ ဘောထားက မပြောင်းလဲသေးပါဘူး''ဟု ၎င်းကဆိုသည်။ ကနေဒါဝန်ကြီးချုပ်ဟောင်း စတီဖင်ဟာပါကလည်း သမ္မတပူတင်အာဏာရနေသရွေ့ ရုရှားကို စက်မှုထိပ်သီးအဖွဲ့ထဲလက်မခံသင့် ဟု ပြောသည်။ (၄၄) ကြိမ်မြောက် G-7 ထိပ်သီးဆွေးနွေးပွဲကို ကနေဒါနိုင်ငံ ချာလီဗွဲမြို့တွင် ဇွန် ၈ ရက်မှစ၍ ကျင်းပလျက်ရှိသည်။ ထရန့်သည် သွင်းကုန်ကိစ္စနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ၊ ကနေဒါတို့နှင့် ပြဿနာတက်နေစဉ်မှာပင် ရုရှားကိုပြန်လည် လက်ခံရန် တိုက်တွန်းပြောကြားခဲ့ ခြင်းဖြစ်သည်။


ထရန့်က ''ဆွေးနွေးပွဲကို ရုရှားမပါဘဲ ဘာလို့ ကျွန်တော်တို့ ကျင်းပနေရတာလဲ။ သူတို့အနေနဲ့ ရုရှားကို အဖွဲ့ထဲ ပြန်လက်ခံသင့်ပါတယ်။ ဒါမှ ဆွေးနွေးပွဲစကားဝိုင်းမှာ ရုရှားရှိနေမှာပါ''ဟု အိမ်ဖြူ တော်တွင်ပြောသည်။ ထရန့်သည် ယခုနှစ် G-7 ဆွေးနွေးပွဲသို့ နောက်ဆုံးရောက်ရှိ လာသူဖြစ်သလို အစောဆုံးထွက်ခွာမည့် နိုင်ငံခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ကင်ဂျုံအန်နှင့် ဆွေးနွေးပွဲရှိသောကြောင့် G-7 အစည်းအဝေးကို ပြီးဆုံးအောင်မ တက်ရောက်နိုင်ဟု အကြောင်းပြသည်။ 

Ref: Xinhua

#democracytoday

 

Rate this item
(0 votes)
back to top