HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

နှစ်နှစ် သက်တမ်းရှိ အဖွဲ့ဝင် ငါးနိုင်ငံကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရွေးချယ်

နှစ်နှစ် သက်တမ်းရှိ အဖွဲ့ဝင် ငါးနိုင်ငံကို  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရွေးချယ်

ကုလသမဂ္ဂ၊ ဇွန် ၉

ကုလသမဂ္ဂအထွေထွေညီလာခံက လုံခြုံရေးကောင်စီ၏ နှစ်နှစ်သက်တမ်းရှိ အဖွဲ့ဝင်ငါးနိုင်ငံအား မဲပေးရွေးချယ်ခဲ့သည်။ အဆိုပါနိုင်ငံများမှာ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ တောင်အာဖရိက၊ ဒိုမီနီကန်သမ္မတနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ကြသည်။ အဆိုပါနိုင်ငံများသည် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း ဇွန် ၉ ရက် ရိုက်တာသတင်းအရသိရသည်။

အဆိုပါကောင်စီမှာ ကုလသမဂ္ဂ၏ တစ်ခုတည်းသောအဖွဲ့ ဖြစ်ပြီး ဆုံးဖြတ်ချက်များကို ဥပဒေ ဖြင့်ဖွဲ့နှောင်ခွင့်ရှိသည်။ ပိတ်ဆို့ အရေးယူရန်အာဏာရှိပြီး စစ်တပ်အသုံးပြုခွင့်အာဏာလည်းရှိသည်။ အပြိုင်ရွေးချယ်ရာတွင် အင်ဒိုနီးရှားမှာ မော်လ်ဒိုက်ထက် မဲများစွာသာသည်။ အာရှပစိဖိတ် နေရာအတွက်ရွေးချယ်ရာ ၁၄၄ မဲ-၄၆ မဲရရှိခဲ့ကြသည်။ အခြားအဖွဲ့ဝင်လေးနိုင်ငံမှာ ကန့်ကွက်သူ မရှိခဲ့ကြဟုဆိုသည်။ ကန့်ကွက်သူ မရှိသော်လည်း မဲအားလုံး၏သုံးပုံ နှစ်ပုံကို ရရှိရမည်ဖြစ်သည်။ ဇွန် ၈ ရက်မဲပေးမှုတွင် နိုင်ငံ ၁၉ဝ ပါဝင်ခဲ့သည်။ အင်ဒိုနီးရှားမှာ ကမ္ဘာ့မူဆလင်အများဆုံးနိုင်ငံဖြစ်ပြီး ၎င်း၏ သက်တမ်းအတွင်း အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒနှင့် အခြေခံဝါဒီများကိုတိုက်ဖျက်သွားမည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။


အင်ဒိုနီးရှားတွင် ၂ဝဝ၅ ခုနှစ် နောက်ပိုင်းအဆိုးရွားဆုံးဗုံးပေါက်ကွဲမှု လွန်ခဲ့သောလ၌ဖြစ်ပွားခဲ့ရာ လူ ၃ဝ ခန့်သေဆုံးခဲ့ရသည်။ ထိုအထဲတွင် ဗုံးဖောက်ခွဲသူဟု ယူဆရသူ ၁၄ ဦးပါဝင်သည်။ ထို့အပြင် နှစ်နှစ်သက်တမ်းတွင် ပါလက်စတိုင်း၏အရေးကိစ္စကိုလည်းလုပ်ဆောင်သွားမည်ဟု ၎င်း၏ကြေညာချက်တွင် အင်ဒိုနီးရှားက ဖော်ပြခဲ့သည်။ ဂျာမနီက ၁၈၄ မဲ၊ ဘယ်လ် ဂျီယံက ၁၈၁ မဲ၊ တောင်အာဖရိက က ၁၈၃ မဲနှင့် ဒိုမီနီကန်သမ္မတ နိုင်ငံက ၁၈၄ မဲ အသီးသီးရရှိခဲ့ကြသည်။ ဇုန်အလိုက်ရွေးချယ်ရာတွင် ထိုနိုင်ငံများသည် ပြိုင်ဘက် မရှိဘဲ မဲပေးရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ 

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top