HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပစိဖိတ် ဖြတ်ကျော် ကုန်သွယ်ရေး ပူးပေါင်းမှု စာချုပ်ကို ပြန်လည် သုံးသပ်ရန်လိုအပ်ဟု မဟာသီယာ တိုက်တွန်းပြောကြား  

ပစိဖိတ် ဖြတ်ကျော် ကုန်သွယ်ရေး ပူးပေါင်းမှု စာချုပ်ကို  ပြန်လည် သုံးသပ်ရန်လိုအပ်ဟု မဟာသီယာ တိုက်တွန်းပြောကြား   

ကွာလာလမ်ပူ၊ ဇွန် ၉ 

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပစိဖိတ်ဖြတ် ကျော်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး စာချုပ်သည် လောလောဆယ်တွင် စာချုပ်ပါအသုံးအနှုန်းများသည် မလေးရှားနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုများ မရှိဖြစ်နေ သောကြောင့် ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဂျပန် Nikkei စာစောင်၏ တွေ့ဆုံးမေးမြန်း ခန်းတွင် ဇွန် ၉ ရက်က ထုတ်ဖော် ပြောဆိုလိုက်သည်ဟု ဂျာနယ်၏ ရေးသားဖော်ပြချက်အရသိရသည်။ ယင်းစာချုပ်သည် ဂျပန်၊ ကနေဒါနှင့် အခြားသော အရေးကြီးသော နိုင်ငံများဖြင့် ၁၁ နိုင်ငံက ပါဝင်ချုပ်ဆို ထားသောသဘောတူညီချက်စာချုပ် ဖြစ်သည်။ အရင်းအနှီးနည်းပါးတဲ့လုပ်ငန်းလေးတွေကို သူတို့ရဲ့ထုတ်ကုန်တွေအပေါ် အကာအ ကွယ်ပေးသင့်တယ်''ဟု မဟာသီယာက ထုတ်ဖော်ပြောဆိုလိုက်သည်။

''စာချုပ်အဖွဲ့ဝင်နိုင်ငံတစ် နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံထွက်သွားတာလဲ နစ်နာပါတယ်။ ဒါကြောင့်လဲ ဒီစာချုပ်ကို ပြန်လည်သုံးသပ်သင့် ကြောင်း အကြုံပြုလိုပါတယ်''ဟု ၎င်းကဆက်လက်ပြောကြားလိုက်သည်။ ''စာချုပ်အဖွဲ့ဝင် နိုင်ငံအဖြစ်က အမေရိကန်က နုတ်ထွက်သွားပြီး နောက် အခွန်နှုန်းထားတွေကို ကမ္ဘာ့စီးပွားရေးရဲ့ ၁၃ ရာခိုင်နှုန်း လျှော့ချခဲ့ပါတယ်။ ဒါဟာတန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၁ဝ ထရီလီယံရှိနေပါတယ်''ဟုလည်း ဆက်လက်ပြောကြားလိုက်သည်။ မဟာသီယာသည် စာချုပ်အဖွဲ့ဝင် နိုင်ငံမှနုတ်ထွက်ရန် ရည်ရွယ်ချက်မရှိဟုလည်း Nikkei ဂျာနယ်က သုံးသပ်ဖော်ပြထားသည်။ အသက် (၉၂) နှစ်ရှိပြီဖြစ်ကာ လွန်ခဲ့သောလက ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ဝန်ကြီးချုပ် ဖြစ်လာသူ မဟာသီယာသည် ယခင်ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ များပြားလှသော စီမံကိန်းများကို ပြန်လည်သုံးသပ်မှုပြုနေသည်။ နိုင်ငံအတွက် အကျိုးမရှိဟုယူဆ သော ဒေါ်လာ ၁၄ ဘီလီယံကုန်ကျမည့် မလေးရှား-စင်ကာပူမြန်နှုန်း ဖြင့် မီးရထားများဖောက်လုပ်ရေး စီမံကိန်းအား ပယ်ဖျက်ခဲ့သည်။


ယင်းပြင် မလေးရှားနိုင်ငံသည် တောင်တရုတ်ပင်လယ်ပိုင်နက် နယ် မြေကိစ္စအား ''ထိတွေ့ဆက်စပ်မှုကို ဥပဒေနှင့်အညီ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ညှိနှိုင်းကာ ဆောင်ရွက်မည်ဟုလည်း တွေ့ဆုံမေးမြန်းခန်းမှတစ်ဆင့် ထုတ်ဖော်ပြောကြားလိုက်သည်။ မလက္ကာရေလက်ကြားနှင့် အငြင်းပွားတောင်တရုတ်ပင်လယ်တွင်း စစ်သင်္ဘောများချထားခြင်းကိုလည်း မဟာသီယာက ကန့်ကွက်သည်ဟု ဂျာနယ်ကဖော်ပြလိုက်သည်။ 

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top