HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

စင်ကာပူသို့ ကင်ဂျုံအန်နှင့် ဒေါ်နယ်ထရန့် ရောက်ရှိ  

စင်ကာပူသို့ ကင်ဂျုံအန်နှင့် ဒေါ်နယ်ထရန့် ရောက်ရှိ   

စင်ကာပူ၊ ဇွန် ၁ဝ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ဇွန် ၁ဝရက်တွင် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ရောက်ရှိလာခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဇွန် ၁၂ ရက်တွင်ကျင်းပမည့် သမိုင်းဝင်ထိပ်သီးဆွေး နွေးပွဲအတွက် ရောက်ရှိလာခြင်းဖြစ်သည်။ ဒေါ်နယ်ထရန့်သည်လည်း ဇွန် ၁ဝ ရက်ည (ဒေသစံတော်ချိန်)၈ နာရီခန့်တွင် စင်ကာပူသို့ရောက်ရှိလာခဲ့သည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးသည် ကင်ဂျုံအန်ကို လေဆိပ်တွင်လာရောက်ကြိုဆို နှုတ်ဆက်ခဲ့သည်။ ထို့နောက် ကင်ဂျုံအန်သည် တရုတ်သမ္မတရှီကျင့်ဖျင်တည်းခိုခဲ့ဖူး သော St. Regis ဟိုတယ်သို့ အထူးမော်တော် ယာဉ်တန်းဖြင့်သွားခဲ့သည်။ ကျွန်းနိုင်ငံကလေးဖြစ်သော စင်ကာပူတွင် ထိပ်သီးဆွေးနွေးပွဲအတွက် လုံခြုံရေးကို အထူးတင်းကျပ်ထားသည်။ ဆန္ဒပြပွဲများကိုလည်း အာဏာပိုင်များကခွင့်ပြုဖွယ်မရှိပါ။ ကမ္ဘာတစ်ဝန်းမှ သတင်းထောက် သုံးထောင်ခန့်သည်လည်း စင်ကာပူသို့ရောက်ရှိနေကြသည်။ ၁၉၅ဝ-၅၃ ကိုရီးယားစစ်ပွဲကာလမှစ၍ ရန်သူများဖြစ်နေကြသော အမေရိကန်နှင့် မြောက်ကိုရီးယားခေါင်းဆောင်များသည် ယခင်က တစ်ခါမှမတွေ့ဆုံခဲ့ဖူးပါ။ ဖုန်းထဲမှာလည်း စကားမပြောခဲ့ကြဖူးပါ။


အသက်(၇၁)နှစ်ရှိပြီဖြစ်သော အိမ်ခြံမြေ လုပ်ငန်းရှင်ဟောင်း ယခုအမေရိကန်သမ္မတ ထရန့်နှင့် အသက် (၃၄)နှစ်သာရှိသေးသည်ဟု ယုံကြည်ရသော ကင်ဂျုံအန်တို့သည် နျူကလီးယားလက်နက်စွန့် လွှတ်ရေးကိစ္စနှင့်ပတ်သက်၍ အကြိတ်အနယ်ဆွေးနွေးရဖွယ်ရှိသည်။ ထရန့်က စင်ကာပူထိပ်သီးဆွေးနွေးပွဲသည် ကင်ဂျုံအန်အတွက် နျူကလီးယား လက်နက်အသာတကြည်စွန့်လွှတ်ရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်ဟုပြော ကြားထားသည်။ ကင်ဂျုံအန်ကလည်း မိမိအာဏာဆက်လက်တည်မြဲရေးနှင့် စီးပွားရေး အထောက်အပံ့များရရှိရေးအတွက် အမေရိကန်ထံမှ အာမခံချက်များတောင်းဆိုဖွယ်ရှိနေသည်။


၂ဝ၁၁ ခုနှစ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်ပြီး နောက် အာဏာရလာခဲ့သော ကင်ဂျုံအန်သည် နျူကလီးယားဗုံးများ စမ်းသပ် ဖောက်ခွဲပြနိုင်ခဲ့သလို အမေရိကန်အထိရောက်နိုင်သော တိုက်ချင်းပစ်ဒုံးကျည်ကိုလည်း စမ်းသပ်ပစ်ခတ်နိုင်ခဲ့သည်။ ထို့ကြောင့် အမေရိကန်သမ္မတနှင့် တစ်စားပွဲတည်းထိုင်ကာ တန်း တူဆွေးနွေးနိုင်မည့်အနေအထားသို့ ရောက်ရှိလာခဲ့သည်။


Ref;Reuter,AP

#democracytoday

Rate this item
(0 votes)
back to top