HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန် ကော်လိုရာဒို တောမီး ဆိုးရွားစွာ လောင်ကျွမ်းနေဆဲ

အမေရိကန် ကော်လိုရာဒို တောမီး ဆိုးရွားစွာ လောင်ကျွမ်းနေဆဲ

ဝါရှင်တန်၊ ဇွန် ၁ဝ

အမေရိကန်နိုင်ငံ ကော်လိုရာ ဒိုပြည်နယ်တွင် ဇွန် ၉ ရက်က တောမီးများ ဆိုးရွားစွာလောင်ကျွမ်း နေပြီး ဒေသအကျယ်အဝန်း၏ ငါးပုံတစ်ပုံခန့် ၈၆၉၁ ဧက ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဇွန် ၁ဝ ရက်တွင် အာဏာပိုင်များက ထုတ်ဖော်ပြောဆိုလိုက်သည်။ လူဦးရေ ထူထပ် သော ယင်းဒေသ၌ မီးသတ်သမားများ ကြိုးစားငြှိမ်းသတ်နေသော်လည်း ရာသီဥတုခြောက်သွေ့ကာ လေပြင်းများတိုက်ခတ်နေမှုကြောင့် ကြိုးစားသလောက် အရာမထင်ဖြစ်ကာ ဇွန် ၁ဝ ရက်အထိ မီးငြိမ်းနိုင် ဖွယ်မရှိသေးဟု မီးသတ်အရာရှိများက ပြောဆိုလိုက်သည်။


အိမ်ထောင်စု ၂၂ဝ အား မီးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ သည်။ ကော်လိုရာဒိုတောင်ပိုင်းတွင် လူ ၁၃ဝဝ ကျော်တို့အား ကယ်ဆယ်ခဲ့ရသည်။ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ပြောရေးဆိုခွင့်ရှိသူ မီဂန်ဂရေဟမ်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ''လောလောဆယ်တော့ မီးကိုမနိုင်သေးဘူး''ဟု ၎င်းကဆက်လက်ပြောဆိုလိုက်သည်။ ''တနင်္ဂ နွေနေ့မှာ လေပြင်းများတိုက်ခတ်နိုင်သည်ဟု ပြည်နယ်မိုးလေဝသဌာနက ခန့်မှန်းထားသည်။ ''လေ ပြင်းတွေဟာ အနောက်တောင်က နေ တောင်ဘက်ကို တိုက်ခတ်မှာမို့ ရော့ကီတောင်တန်းအနောက် မြောက်ဘက်အထိ မီးအန္တရာယ်စိုးရိမ်ရတယ်''ဟု ဆက်လက်ပြောကြားလိုက်သည်။


ဇွန် ၈ ရက်ကပင် စတင်လောင် ကျွမ်းခဲ့သော ကော်လိုရာဒိုတောမီးသည် ဇွန် ၁ဝ ရက်အထိ မီးညွန့် မကျိုးသေးဖြစ်နေသည်။ မီးသတ်သမားများသည် အ မြန်လမ်းမကြီး အမှတ် (၅၅ဝ) သို့ တောမီးမကူးစက်လာနိုင်စေရန် တားဆီးငြှိမ်းသတ်မှုများ ပြုနေကြ၍ မိုင်တိုင်အမှတ် (၃၂) မှ (၄၇) အထိ လမ်းမကြီးအားပိတ်ထားပြီး ရဲကားများက လမ်းလွှဲများမှ နေ၍ မောင်းနှင်ကြရန်လမ်းအသုံးပြုသူများကို ညွှန်ကြားနေကြသည်။ 

Ref; Reuters

#democracytoday

Rate this item
(0 votes)
back to top