HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှု အများဆုံးမြို့ အဖြစ် ဆိုးလ် ရပ်တည်

ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှု အများဆုံးမြို့ အဖြစ် ဆိုးလ် ရပ်တည်

ဆိုးလ်၊ ဇွန် ၁ဝ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သည် ကာဗွန်ဓာတ်ငွေ့ထုတ် လွှတ်မှုနိုင်ငံများစာရင်းတွင် အဆင့်တစ်၌ ရပ်တည်နေသည်ဟု နော် ဝေနိုင်ငံမှ သုတေသနစစ်တမ်း တစ်ခုတွင်ဖော်ပြထားကြောင်း ဇွန် ၁ဝ ရက် ယွန်ဟတ်သတင်းက ဆိုသည်။

နော်ဝေသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ရှိ သုတေသနအဖွဲ့တစ်ခု ကထုတ်ပြန်သော အဆိုပါစစ်တမ်းအရ ၁၈၇ နိုင်ငံမှ မြို့ပေါင်း ၁၃ဝဝဝ စာရင်းတွင် ဆိုးလ်မြို့သည် ကာဗွန်ဓာတ်ငွေ့တန်ချိန် ၂၇၆ ± ၅၂ သန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေ ကြောင်း၊ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ က ၂၇၂ ± ၄၆ သန်းဖြင့် ဒုတိယ နေရာတွင်ရပ်တည်နေကြောင်း၊ အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့က ၂၃၄ ± ၇၅ သန်း ဖြင့် တတိယနေရာတွင်ရပ်တည် နေကြောင်း သိရသည်။ အဆိုပါအစီရင်ခံစာကို ''သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သု တေသနပေးစာများ''ဂျာနယ်တွင် ဖော်ပြခဲ့သည်။ Gridded Global Model of City နည်းလမ်းကို အသုံးပြုကာ သုတေသနပြုစစ်တမ်းကောက်ခဲ့ခြင်းဖြစ်သည်။


တောင်ကိုရီးယားနိုင်ငံ၏ အခြားသောမြို့ငါးမြို့မှာလည်း ထိပ်ဆုံးမြို့ ၅ဝဝ စာရင်းတွင်ပါဝင် နေသည်။ ဘူဆန်မြို့သည် ကာဗွန် ဓာတ်ငွေ့တန်ချိန် ၄၂ ± ၁၆ သန်း ဖြင့် အဆင့်ငါး၊ ဒယ်ဂူးမြို့က ၂ဝ ± ၈ သန်းဖြင့် အဆင့် ၁၁၅၊ ဒယ် ဂျီယွန်က ၁၉ ± ၈ သန်းဖြင့် အဆင့် ၁၂၆၊ ဂွမ်ဂျူးက ၁၉ ± ၇ ဒသမ ၈ သန်းဖြင့် အဆင့် ၁၃၂၊ အူဆန်က ၁၅ ± ၆ သန်းဖြင့် အဆင့် ၁၅၅ တွင် အသီးသီးရပ်တည်နေသည်။ လူဦးရေအချိုးအစားအရ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံးမြို့များစာရင်းတွင်မူ ဟောင်ကောင်က ထိပ်ဆုံးတွင်ရပ်တည်နေပြီး လူဦးရေ ၂၁ သန်းရှိ သည့် ဆိုးလ်မြို့ကအဆင့် ၂ဝဝ တွင်ရပ်တည်နေသည်ဟု စစ်တမ်း က ဆိုသည်။


Ref: Yonhap

#democracytoday

Rate this item
(0 votes)
back to top