HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တစ်နေ့တွင် ဂျပန်နိုင်ငံကဲ့သို့ မလေးရှားနိုင်ငံ အောင်မြင်လာနိုင်သည်ဟု မဟာသီယာပြော

တစ်နေ့တွင် ဂျပန်နိုင်ငံကဲ့သို့ မလေးရှားနိုင်ငံ အောင်မြင်လာနိုင်သည်ဟု မဟာသီယာပြော

တိုကျို၊ ဇွန် ၁၁

မလေးရှားနိုင်ငံသည် ဂျပန်နိုင်ငံ၏လုပ်ပုံလုပ်နည်းများကို အတုခိုးလိုက်နာဆောင်ရွက်ခြင်းဖြင့် ဂျပန်နိုင်ငံကဲ့သို့ မလေးရှားနိုင်ငံသည် အောင်မြင်တိုးတက်လာလိမ့်မည်ဟု ဂျပန်နိုင်ငံသို့ သုံးရက်ကြာအလည်အပတ်ရောက်ရှိနေသည့် ဝန်ကြီးချုပ် မဟာသီယာက Nikkei ကွန်ဖရင့်ခေါ် (၂၄) ကြိမ်မြောက် အာရှ အနာဂတ်ဆွေးနွေးပွဲတွင် ဇွန် ၁ဝ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်ဟု သတင်းရင်းမြစ်များအရသိရှိရသည်။

ဒေါက်တာမဟာသီယာသည် အရှေ့သို့'မျှော်ကြည့်ခြင်း'ဟူသောမူဝါဒအား ၁၉၈ဝ ပြည့်နှစ် ၎င်းအာ ဏာရရှိချိန်ကပင်ချမှတ်ခဲ့သည်။ ယင်းမူဝါဒသည် ဂျပန်နိုင်ငံမှပေး သောအကူအညီများကို ရယူခြင်းထက် ယင်းအားဘက်ပေါင်းစုံမှ လေ့လာသောမူဝါဒဖြစ်သည်။ ယင်းမူဝါဒကို ကျင့်သုံးအောင်မြင်ပါက နိုင်ငံ၏တင်ရှိနေသော ကြွေးမြီရင်း ဂစ်တစ်ထရီလီယံအားလည်း သက်သာစေနိုင်ပြီး ဖြစ်နိုင်သည်ဟု ၎င်းကထုတ်ဖော်ပြောဆိုလိုက်သည်။ ဝန်ကြီးချုပ် မဟာသီယာသည် ၁၉၆၁ ခုနှစ်က ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး ထိုစဉ်က ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် ပျက်စီးနေသော ဂျပန်နိုင်ငံသည် ကြိုးစားရုန်းကန်အောင်မြင်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။


''ဒုတိယကမ္ဘာစစ်ဒဏ်ကို ဆိုးရွားစွာခံခဲ့ရပေမယ့် ဂျပန်လူထုဟာအလုပ်ကိုကြိုးစားလုပ်ကိုင်ကာ အခက်အခဲများကြားကနေ ရုန်းကန် အောင်မြင်ပြီး ယနေ့ကမ္ဘာ့နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်လာခဲ့ရပါတယ်''ဟု ဒေါက်တာမဟာသီယာက ထုတ် ဖော်ပြောဆိုလိုက်သည်။ ''ဒါကို ကျွန်တော်တို့ အတုခိုးနည်းယူရပါမယ်။ ဂျပန်ကျင့်ဝတ်ပေါ့''ဟုလည်း ဆက်လက်ပြောဆိုလိုက်သည်။ လူ ဖြစ်ဖြစ်၊ နိုင်ငံဖြစ်ဖြစ် အလုပ်မလုပ်ရင်၊ မကြိုးစားရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး''ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။ ''ဒီကနေ့ ကျွန်တော်တို့မလေး ရှားလူမျိုးတွေဟာ အလုပ်မလုပ် ကြသေးဘူး။ ကနေ့ဂျပန်လိုသာ လူတိုင်းအလုပ်လုပ်ကြရင် လူတိုင်းတိုးတက်ပြီး နိုင်ငံကောင်းလာမှာပဲ'' ဟု ဒေါက်တာမဟာသီယာကတိုက် တွန်းပြောဆိုလိုက်သည်။ ''နိုင်ငံအဂတိလိုက်စားမှုပယ် ဖျက်ခြင်းသာ အောင်မြင်ခဲ့ရင် မ လေးရှာြး<ွကးမြီ ၃ဝ ရာခိုင်နှုန်းသက် သာသွားပြီး ဖြစ်မှာပါ''ဟုလည်း ဆက်လက်ပြောကြားလိုက်သည်။


Ref ; Bernama News

#democracytoday

Rate this item
(0 votes)
back to top