HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အီရတ် ဘဂ္ဂဒက် မြို့လယ်ရှိ မဲပုံးများ ထားရှိသော သိုလှောင်ရုံ မီးလောင်  

အီရတ် ဘဂ္ဂဒက် မြို့လယ်ရှိ မဲပုံးများ ထားရှိသော သိုလှောင်ရုံ မီးလောင်   

ဘဂ္ဂဒက်၊ ဇွန် ၁၁ 

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ လယ်ကောင်တွင် မေလ ၁၂ ရက်က ပါလီမန်ရွေးကောက်ပွဲကျင်းပပြီး စီး၍ မဲပေးထားပြီးသော သိမ်းဆည်းထားရှိသော သိုလှောင်ရုံ၌ မဲမရေ တွက်ရသေးမီ၌ ဇွန် ၁ဝ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်ကိုကိုးကား၍ ဆင်ဟွာသတင်းဌာနက ဇွန် ၁၁ ရက်က ဖော်ပြလိုက်သည်။

ယင်းသိုလှောင်ရုံအား ရွေး ကောက်ပွဲကော်မရှင်က ကုန်သွယ် ရေးဝန်ကြီးဌာနမှ ခေတ္တငှားရမ်း အသုံးပြုနေခြင်းဖြစ်သည်။ မီးသည်သိုလှောင်ရုံခြောက်ခုစလုံးအား ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးသတ်ယာဉ်များက မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ခဲ့ ပြီး မြို့နယ်ရဲအဖွဲ့ကလည်း ကျန် ရှိမဲပုံးများအား မီးမလောင်ကျွမ်း နိုင်စေရန် အပြင်သို့တတ်အားသမျှ သယ်ထုတ်ပေးခဲ့သည်။  ''မြို့တော်အရှေ့ပိုင်းရီဆာ ဖာက ရေတွက်ရန်ပြန်သိမ်းထား သော မဲပုံးများအားလုံးနီးနီးမီး လောင်ဆုံးရှုံးသွားခဲ့ရပါတယ်''ဟု မြို့တော်ကောင်စီဝင်တစ်ဦးဖြစ် သူ မိုဟာမက်အယ်လ်ဂူဘေးက ထုတ်ဖော်ပြောဆိုလိုက်သည်။


လောင်ကျွမ်းပြီးနာရီအနည်းငယ်အတွင်း မီးအားထိန်းချုပ်နိုင်ခဲ့ ပြီး မီးလောင်ကျွမ်းသောဒေသနှင့် သိုလှောင်ရုံအတွင်းသို့ ပြည်သူ များဝင်ရောက်ခွင့် ယာယီပိတ်ပင်ထားခဲ့သည်။ လုံခြုံရေးတင်းကျပ်ထားပြီး မီးမလောင်ဘဲကျန်ရှိနေ သောမဲပုံးများအားလည်း မီးသတ်နှင့် ရဲများက လွတ်ရာသို့သယ်ထုတ် ပေးနိုင်ခဲ့သည်။  ယင်းနေ့နံနက်အစောအချိန်ကပင်တရားသူကြီးချုပ်က မေလ ၁၁ ရက်က ကျင်းပပြီးစီးသော ရွေး ကောက်ပွဲ မဲရေတွက်ရာ၌ အဂတိလိုက်စားမှု ကင်းရှင်းစွာဖြင့် ရဲများအားလက်ဖြင့် ရေတွက်ရန် မဲရုံအရာရှိများနှင့် တွေ့ဆုံမှာကြား ခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အီရတ်တရားရုံးချုပ် ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ်ဆတ္တားအယ်လ် ဘီရတ်ဒါက ထုတ်ဖော်ပြောဆိုလိုက်သည်။


Ref;Xinhua

#democracytoday

Rate this item
(0 votes)
back to top