HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းနိုင်ငံ ခရီးသွားလာရေး ကဏ္ဍ၌ တရားမဝင် လုပ်ဆောင်သူများ ဘေးအန္တရာယ်မှ အကာအကွယ်ပေးရန် တောင်းဆို

ထိုင်းနိုင်ငံ ခရီးသွားလာရေး ကဏ္ဍ၌ တရားမဝင် လုပ်ဆောင်သူများ ဘေးအန္တရာယ်မှ အကာအကွယ်ပေးရန် တောင်းဆို

ဘန်ကောက်၊ ဇွန် ၁၁

ထိုင်းနိုင်ငံခရီးသွားကိုယ်စား လှယ်လုပ်ငန်းအဖွဲ့များသည် မိမိတို့လုပ်ငန်းများ လုံခြုံစိတ်ချရစေရေးအတွက် အစိုးရ၏အကာအကွယ် ပေးမှုများလိုအပ်သည်ဟု ဇွန် ၁၁ ရက်သတင်းများအရသိရသည်။ သို့မှသာ မိမိတို့က အစိုးရထံမှ တရားဝင်လုပ်ကိုင်ဆောင်ရွက် နေမှုများကို တရားမဝင်ခရီးသွားကုမ္ပဏီများ၏အန္တရာယ်မှလုံခြုံမည်ဟုလည်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကို လိုင်စင်မရှိဘဲ တရားမဝင်ဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်နေသော ကုမ္ပဏီများရှိနေပြီး ယင်းတို့သည် အစိုးရထံ တရားဝင်အခွန်ဆောင်ကာ လုပ်ကိုင်ဆောင်ရွက်နေသော တရားဝင်ခရီးသွားကုမ္ပဏီများအား စီးပွားရေးအရခြိမ်းခြောက်နေသလို ဖြစ်နေသည်ဟု Online Tourism Club Thailand မှ ဥက္ကဋ္ဌ Boonmasuwanran က ထုတ်ဖော်ပြော ကြားလိုက်သည်။


တရားမဝင်နိုင်ငံခြားဧည့် လမ်းညွှန်များလုပ်ကိုင်နေသူလည်းများစွာရှိနေပြီး ၎င်းတို့သည် တရား မဝင်ဟိုတယ်များ၊ အိမ်များနှင့်ချိတ် ဆက်ကာဆောင်ရွက်နေကြသည်ဟုလည်း ဆက်လက်ပြောကြားလိုက်သည်။ ၎င်းတို့သည် ဈေးနှုန်းများ မတန်တဆလျှော့ချရယူထားပြီး ၎င်းတို့ရယူထားသမျှသည် တရားဝင်လုပ်ငန်းများကဲ့သို့ အခွန်စရိတ်စကများမရှိဘဲ အသားတင်ရရှိငွေများဖြစ်ကြ၍ တရားဝင် အခွန်ဆောင်လုပ်ကိုင်နေရသူများ နစ်နာသည်ဟုလည်း ဆက်လက် ပြောကြားလိုက်သည်။

 

ယင်းကြောင့် သက်ဆိုင်သော ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနအနေ ဖြင့် ထိရောက်စွာအရေးယူပေးရန် မေတ္တာရပ်ခံလိုက်သည်။ ဟိုတယ် ဆောက်လုပ်ရေးနှင့် ခွင့်ပြုချက် ပေးရေးဥပဒေအရ ¤င်းတို့အားထိ ရောက်စွာအရေးယူသင့်သည်ဟုလည်း ၎င်းက ပြောဆိုလိုက်သည်။ ယင်းတောင်းဆိုချက်များနှင့် စပ်လျဉ်း၍ ခရီးသွားလာရေးဝန် ကြီး ဝီရာဆတ်ကိုဆူရတ်က ထိုင်းနိုင်ငံ ခရီးသွားလာရေးအာဏာပိုင်အဖွဲ့အား အရေးယူဆောင်ရွက်နိုင်ရန် ညွှန်ကြားမှုပြုထားသည်။


Ref : Bangkok Post

#democracytoday

Rate this item
(0 votes)
back to top