HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိပ်သီး ဆွေးနွေးပွဲသို့ ကင်နှင့်အတူ ထိပ်တန်းအမျိုးသမီး ကိုယ်စားလှယ်လေးဦး ပါဝင်တက်ရောက်

ထိပ်သီး ဆွေးနွေးပွဲသို့ ကင်နှင့်အတူ ထိပ်တန်းအမျိုးသမီး  ကိုယ်စားလှယ်လေးဦး ပါဝင်တက်ရောက်

စင်ကာပူ၊ ဇွန် ၁၂

စင်ကာပူ၌ ဇွန် ၁၂ ရက် ကင်ဂျုံအန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ ထိပ်သီးဆွေးနွေးပွဲအား ကမ္ဘာတစ်ဝန်းလုံးက အာရုံစိုက်နေခဲ့ကြသည်။ အသက် (၃၄) နှစ်ရှိ မြောက်ကိုရီးယားခေါင်းဆောင်နှင့်အတူ အသက်ကြီးဝါရင့် နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေးကျွမ်းကျင်သူများ ပါဝင်သကဲ့သို့ မြောက်ကိုရီးယား၌ ဒိတ်ဒိတ်ကြဲ အမျိုးသမီးကိုယ်စားလှယ်လေးဦးလည်း ကင်နှင့်အတူ လိုက်ပါလာခဲ့ကြသည်။ အဆိုပါအမျိုးသမီး လေးဦးမှာ-

ကင်ယိုဂျောင်

သူမမှာ ကင်ဂျုံအန်၏ နှစ်မအငယ်ဆုံးဖြစ်ပြီး အသက်အားဖြင့် ၃ဝ ဝန်းကျင် ဖြစ်သည်။ သူမ၏ တရားဝင် ရာထူးမှာ အာဏာရအလုပ်သမားပါတီ၏ သဘောတရားရေးရာ ဖြန့်ချိရေးတာဝန် ဖြစ်သည်။ သူမအား လေ့လာသူများက မြောက်ကိုရီးယား၏ ဒုတိယခေါင်းဆောင်ဟု ယူဆကြသည်။ ကင်မိသားစု နှစ် ၇ဝ ကျော်ဆက်ခံမှုတွင် ပါဝင်မည်ဟု ယူဆရသည်။ သူမသည် စင်ကာပူသို့လာစဉ် ကင်ဂျုံအန်နှင့် လေယာဉ်တစ်စင်းတည်း မစီးဘဲ အခြားလေယာဉ်ဖြင့် လိုက်ပါလာခဲ့သည်။ အကြောင်းမှာ လေယာဉ်ပျက်ကျပါက တစ်ဦးအသက်ရှင်သန်ရန်ဖြစ်သည်ဟု ခန့်မှန်းကြသည်။


ချိုဆန်ဟွီး

သူမသည် ဒုတိယနိုင်ငံ ခြားရေးဝန်ကြီးဖြစ်သည်။ မြောက်ကိုရီးယားတွင် အဆင့်အမြင့်ဆုံး အမျိုးသမီးသံတမန် တစ်ဦးဖြစ်သည်။ အရင်က သူမသည် မြောက်ကိုရီးယားနျူကလီးယားအစီအစဉ် ခြောက်နိုင်ငံအစည်းအဝေးတွင် အင်္ဂလိပ်စကားပြန်လုပ်ခဲ့သည်။ လွန်ခဲ့သောလက အမေရိကန် ဒုတိယသမ္မတက ထိပ်သီးအစည်းအဝေးကို ဝေဖန် ပြောခဲ့ရာ ချိုက ဒုတိယသမ္မတ မိုက်ပင့်စ်မှာ နိုင်ငံရေး ဘာမှမသိသူဟု ပြောခဲ့သည်။ ထိပ်သီးဆွေးနွေးပွဲ ပျက်ခါနီး ဖြစ်သွားခဲ့ရသည်။ သူမသည် ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို အမေရိကန်သံတမန် ဆန်ကင်နှင့် ရစ်ဇ်ကာလတန် ဟိုတယ်၌ နောက်ဆုံးညှိနှိုင်းခဲ့သည်။


ဟွန်ဆောင်ဝို

သူမသည် မြောက်ကိုရီးယား၏ Morantong မိန်းကလေးအနုပညာအဖွဲ့ခေါင်းဆောင်ဖြစ်သည်။ သူမ၏အဖွဲ့ဝင်များကို ကင်ဂျုံအန်က ရွေးချယ် ပေးထားသည်။ ဖေဖော်ဝါရီလ တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ပွဲတော်သို့ သူမ၏အဖွဲ့ကိုဦးဆောင်ကာ လာရောက်ခဲ့သည်။ ဇန်နဝါရီက သူမသည် တောင်ကို ရီးယားသို့လာရောက်ခဲ့ရာ မီဒီယာများက အုတ်အော်သောင်းတင်း ဖော်ပြခဲ့သည်။


ကင်ဆောင်ဟဲ

သူမသည် မြောက်ကိုရီးယား အလုပ်သမားပါတီ၏ မြောက်ကိုရီးယားညီညွတ်သော တပ်ဦးဌာနမှ ဒါရိုက်တာဖြစ်ပြီး တောင်-မြောက်ကိုရီးယားဆက်ဆံ ရေးကို ကိုင်တွယ်ဖြေရှင်းသူလည်းဖြစ်သည်။ သူမသည် စင်ကာပူထိပ်သီးအစည်းအဝေး ကြိုတင်ပြင်ဆင်မှု ရစ်ဇ်ကာလတန်ဟိုတယ် အစည်းအဝေးသို့ တက်ရောက်ခဲ့သူဖြစ်သည်။ 

Ref: AP

#democracytoday

 

 

Rate this item
(0 votes)
back to top