HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

စီးပွားရေး ဖွံ့ဖြိုးမှုအတွက် စင်ကာပူထံမှ သင်ယူသွားရမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ပြော

စီးပွားရေး ဖွံ့ဖြိုးမှုအတွက် စင်ကာပူထံမှ သင်ယူသွားရမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ပြော

စင်ကာပူ၊ ဇွန် ၁၂

မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်က စီးပွား ရေးဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရသလဲဆိုသည်ကို သူ့အနေ ဖြင့် စင်ကာပူထံမှ သင်ယူသွားလိုကြောင်း ကိုရီးယားဗဟို သတင်းဌာန (KCNA) က ဇွန် ၁၂ရက်တွင် ဖော်ပြလိုက်သည်။ ဇွန် ၁၁ရက်က စင်ကာပူနိုင်ငံရှိ နေရာအများအပြားကို သွားရောက်ခဲ့ရာ ကင်က စင်ကာပူသည် သန့်ရှင်း၍ လှပ ကြောင်း၊ အဆောက်အအုံများလည်း ခေတ်မီကြောင်း သူယခင်က ကြားဖူးခဲ့ကြောင်း ပြောကြားခဲ့သည်ဟု (KCNA) သတင်းက ဖော်ပြလိုက်သည်။

ကင်၏ ပြောကြားချက်အား KCNA  သတင်းက ဖော်ပြရာတွင် ကင်က သူ့အနေဖြင့် စင်ကာပူ၏ စီးပွား ရေးတိုးတက်မှုကို သိရှိလို ကြောင်း၊ ခရီးသွားလုပ်ငန်းမှတစ်ဆင့် တိုးတက်မှုကို သိလို ကြောင်း၊ ဤအချက်မှာ သူ စင်ကာပူကို စိတ်ဝင်စားခြင်းအ ကြောင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ကင်သည် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေး နွေးပွဲကို အင်္ဂါနေ့ (ဇွန် ၁၂) ရက်တွင် ပြုလုပ်ရန်အတွက် စင်ကာပူသို့ ရောက်ရှိနေခဲ့သည်။ မဟာပန်းဥယျာဉ်၊ မရီနာပင်လယ်အော်ရှိ သဲကောင်း ကင်နှင့် စင်ကာပူဆိပ်ကမ်းတို့ကို သွားရောက်လည်ပတ်ခဲ့ ကြောင်း KCNA သတင်းက ဖော်ပြခဲ့သည်။

Ref: Xinhua

#democracytoday

Last modified onWednesday, 13 June 2018 11:24
Rate this item
(0 votes)

Latest from M Bwe

back to top