Saturday, 21 October 2017 15:12

အိန္ဒိယတောင်ပိုင်းတွင် အဆောက်အအုံပြိုကျ၊ လူရှစ်ဦးသေဆုံး

Written by
Rate this item
(0 votes)

နယူးဒေလီ၊ အောက်တိုဘာ ၂ဝ

 

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူးပြည်နယ်၌ အစိုးရပိုင် သယ်ယူပို့ဆောင်ရေးဌာနအဆောက်အအုံတစ်ခုပြိုကျခဲ့ရာ လူရှစ်ဦးသေဆုံး၍ သုံးဦးကိုကယ်ဆယ်လိုက်ရမှု အောက်တိုဘာ ၂ဝ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။ တမီးလ်နာဒူးပြည်နယ် သယ်ယူပို့ဆောင်ရေးကော်ပိုရေးရှင်း(TNSTC) ပိုင် နာဂပတ်တီနံရှိ အဆောက်အအုံမှာ အောက်တိုဘာ ၂ဝ နံနက်စောစောက ခေါင် မိုးမှစ၍ ပြိုကျခဲ့ကြောင်း၊ ချင်းနိုင် မြို့မှ ၃၁၂ ကီလိုမီတာကွာဝေး ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

 


သေဆုံးသူများမှာ သင်္ဘောသားများဖြစ်ကြသည်ဟုဆိုသည်။ အောက်တိုဘာ ၂ဝ ရက်နံနက် ၃ နာရီခွဲ၌ အဆောက်အအုံတစ်စိတ်တစ်ပိုင်းပြိုကျခဲ့ကြောင်း၊ လူရှစ်ဦး သေ၍ သုံးဦးကို ကယ်တင်နိုင်ခဲ့ ကြောင်း ရဲအရာရှိကပြောခဲ့သည်။ အပျက်အစီးကြားမှ ရှာဖွေကယ်ဆယ်ခဲ့သူများကို ကာရိုင်ကယ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း ၎င်းကဆိုသည်။ အဆောက်အအုံပြိုကျချိန်တွင် သေဆုံးသူများမှာ အိပ်ပျော်နေခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ကပြောခဲ့သည်။ အာဏာပိုင်များနှင့် ဘေးဒုက္ခ စီမံခန့်ခွဲရေးဆိုင်ရာပုဂ္ဂိုလ်များ၊ မီးသတ်များသည် အခင်းဖြစ်ပွားရာသို့ ချက်ချင်းရောက်ရှိကယ်ဆယ် ရေးများပြုလုပ်ခဲ့ကြသည်။  အဆောက်အအုံမှာ ၁၉၅၂ ခုနှစ်က ဆောက်လုပ်ခဲ့ရာ နှစ် ၆ဝ ကျော်နေပြီဖြစ်သည်ဟု သက်ဆိုင်ရာကပြောခဲ့သည်။ ဒေသဆိုင်ရာ လက်ထောက် အရာရှိလည်း အခင်းဖြစ်ရာသို့ ရောက်လာကာ ပြိုကျရခြင်းကို စစ်ဆေးရန် အမိန့်ပေးခဲ့သည်ဟုသိရသည်။ 

 

Ref;Xinhua

 

Read 1572 times
Login to post comments