Saturday, 21 October 2017 15:33

တောင်ကိုရီးယား လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ နျူကလီးယား ဓာတ်ပေါင်းဖိုများ တည်ဆောက်မည်

Written by
Rate this item
(0 votes)

ဆိုးလ်၊ အောက်တိုဘာ ၂ဝ

 

လပေါင်းများစွာငြင်းခုံလာပြီး နောက် တောင်ကိုရီးယားက အောက်တိုဘာ ၂ဝ ရက်တွင် ၎င်း၏ နျူကလီးယားဓာတ်ပေါင်းဖိုအသစ်နှစ်လုံးကို လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ တည်ဆောက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ဓာတ် ပေါင်းဖိုများဆောက်လုပ်ခြင်းအား ရပ်ဆိုင်းထားမှုကို ပြန်စသင့်သည်ဟုဆိုသည်။ တစ်နိုင်ငံလုံးမှရွေးချယ်ထားသည့် ဂျူနီလူကြီး ၄၇၁ ဦးအား အခြေခံ၍ နိုင်ငံတော်ကော်မရှင်အဖွဲ့က ရှင်ကိုရီ-၅ နှင့် ရှင်ကိုရီ-၆ ဓာတ်ပေါင်းဖိုများကို ပြီးဆုံးသည် အထိဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဓာတ်ပေါင်းဖိုများမှာ နိုင်ငံအရှေ့တောင်ပိုင်း Ulsan  မြို့အနီး၌ တည်ရှိသည်။ မိမိတို့က ဓာတ်ပေါင်းဖိုနှစ်ခု ကို ပြန်ဆောက်လုပ်ရန် ထောက်ခံ ခဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌကင်ဂျီဟွန်က သတင်းကြေညာချက်၌ ဖော်ပြခဲ့သည်။

 


ဓာတ်ပေါင်းဖိုများမှာ ရာခိုင်နှုန်း ၃ဝ ပြီးစီးနေပြီး ဇူလိုင်လက ရပ်ဆိုင်းထားခဲ့သည်။ လုံခြုံရေးအ ပေါ်စိုးရိမ်၍ နျူကလီးယားစွမ်းအင်ကိုမသုံးသင့်ဟု ဝေခွဲမရဖြစ် နေခဲ့သည်။ အစိုးရက ဓာတ်ပေါင်းဖိုနှစ်ခုအတွက် ဂျူရီအဖွဲ့က ဆုံးဖြတ်မည်ကိုလက်ခံကြောင်း ပြောကြားခဲ့သည်။ သမ္မတမွန်ဂျေးအင်က ရွေး ကောက်ပွဲမဲဆွယ်စဉ် နျူကလီးယား ဓာတ်ပေါင်းဖိုကိုပယ်ဖျက်မည်ဟု ပြောကြားခဲ့သည်။  ၎င်းက ဤသို့ပြောသော်လည်း လူထုသဘောထားက ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မွန်ကလွတ်လပ်သော ကော်မရှင်တစ်ခုဖွဲ့ကာ လူထုသ ဘောထားကိုရယူ၍ ထောက်ခံချက် ပေးရန် တာဝန်ပေးခဲ့သည်။

 


ဤဓာတ်ပေါင်းဖိုများအတွက် ဝမ် ၁၆ ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) ကုန်ကျပြီးဖြစ်သည်။ တောင်ကိုရီးယားသည် ၎င်း၏ ဓာတ်အားလိုအပ်ချက် ၃ဝ ရာခိုင်နှုန်းကို နျူကလီးယားဓာတ်ပေါင်းဖိုမှ ရယူလျက်ရှိသည်။ ဤဓာတ်ပေါင်းဖိုသုံးခုမှလွဲ ၍ ကျန်ဓာတ်ပေါင်းဖိုလေးခုမှာ ပြီးခါနီးဖြစ်သည်။ လက်ရှိတွင် ဓာတ်ပေါင်းဖို ၂၄ ခုရှိကြောင်း သိရသည်။ 

 

Ref;AFP

Read 1647 times
Login to post comments