HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အီရန်နျူကလီးယားစာချုပ်အပေါ် အီးယူနိုင်ငံများ၏ဆွေးနွေးချက်များသည် အပြုသဘောဆောင်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆို

အီရန်နျူကလီးယားစာချုပ်အပေါ် အီးယူနိုင်ငံများ၏ဆွေးနွေးချက်များသည် အပြုသဘောဆောင်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆို

တဟီတီ၊ ဇူလိုင် ၇ ၊ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာမက်ဇာရစ်(ဖ်)က ၂ဝ၁၅ ခုနှစ် နိုင်ငံတကာနျူကလီး ယားစာချုပ်အပေါ် ဆွေးနွေးချက် များသည် အပြုသဘောဆောင် သောဆွေးနွေးချက်များဖြစ်၍ ကြို ဆိုသည်ဟု ဇူလိုင် ၇ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

''စာချုပ်အပေါ် ဆွေးနွေး ချက်များဟာ အပြုသဘောဆောင် ဆွေးနွေးချက်များဖြစ်လို့ ကြိုဆိုပါ တယ်။ လက်တွေ့ကျတဲ့ဆောင်ရွက် ချက်များဖြစ်ပေါ်လာအောင် ကျွန် တော်တို့မျှော်လင့်ထားပါတယ်'' ဟူ၍ ဝန်ကြီး၏ပြောကြားချက်ကို ကိုးကား၍ Press TV သတင်းဌာန က ထုတ်ဖော်ရေးသားလိုက်သည်။

ဇူလိုင် ၆ ရက်က အီရန်နျူ ကလီးယားစာချုပ်လက်မှတ်ရေး ထိုးနိုင်ငံများက ဝန်ကြီးအဆင့်ဆွေး နွေးပွဲများကို သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဆွေးနွေးခဲ့ကြ သည်။ ဆွေးနွေးပွဲအား ဥရောပ သမဂ္ဂမဟာမင်းကြီး ဖက်ဒရီကာ မိုဂါရီနီက သဘာပတိပြုလုပ်ခဲ့ပြီး တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ ဗြိတိန်နှင့် အီရန်နိုင်ငံဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ ဥရောပ သမဂ္ဂမှ အီရန်နိုင်ငံအပေါ် ကူညီ ထောက်ပံ့မှုများအား လွန်ခဲ့သော နှစ်ရက်ကပင် လက်ခံရရှိခဲ့ပြီး၊ သို့ သော် ယင်းသည် ၂ဝ၁၅ ခုနှစ် စာချုပ်အရ အီရန်နိုင်ငံအနေဖြင့် အကျိုးခံစားခွင့်များမလောက်င သေးဟု သမ္မတဟတ်ဆန်ရိုဟာနီ က ထုတ်ဖော်ပြောဆိုလိုက်သည်။

''ကူညီထောက်ပံ့ပေးမှုများ ဟာ အီရန်နိုင်ငံအပေါ်မှာတော့ စာချုပ်မှာဖော်ပြထားသလို မဟာ ဗျူဟာမြောက်အကျိုးခံစားခွင့် တော့မရှိသေးပါဘူး''ဟု ရိုဟာနီက ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာ ကယ်နှင့်ဖုန်းဆက်ရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။ 

Ref:Xinhua

Rate this item
(0 votes)
back to top