HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဆရာဖြစ်သူက ဂူအပြင်ဘက်ရှိ ကလေးမိဘများထံ တောင်းပန်စာရေးသားပေးပို့

ဆရာဖြစ်သူက ဂူအပြင်ဘက်ရှိ ကလေးမိဘများထံ တောင်းပန်စာရေးသားပေးပို့

မယ်ဆိုင်၊ ဇူလိုင် ၇ -ကလေး ၁၂ ဦးနှင့်အတူ ဂူ အတွင်းပိတ်မိနေသူ အသက် (၂၅) နှစ်ရှိ ဘောလုံးနည်းပြဖြစ်သူက ဂူအပြင်ဘက်ရှိ စောင့်ဆိုင်းနေကြ သော ကလေးမိဘများထံသို့ တောင်း ပန်စာတစ်စောင်ကို ပထမဦးဆုံး အကြိမ်အဖြစ် ရေငုပ်သမားများမှ တစ်ဆင့် လက်ဆင့်ကမ်းလူကြုံပေးပို့ လိုက်သည်ဟု ဇူလိုင် ၇ ရက်သ တင်းများအရ သိရှိရသည်။

''မိဘများသို့ ကလေးများမှာ ယခုကျွန်တော်နှင့်အတူ ကျန်းမာ စွာရှိနေကြပါတယ်။ လာရောက် ကယ်ဆယ်ကြသူများကလည်း ကောင်းမွန်စွာစောင့်ရှောက်ကြပါ တယ်။ ကျွန်တော့်အနေဖြင့်လည်း သူတို့ကိုဂရုတစိုက် စောင့်ရှောက်မှု များပေးနေပါတယ်။ ပြင်ပမှနေ၍ ကူညီထောက်ပံ့မှုများအားလည်း ကျေးဇူးတင်ပါတယ်။ ယခုဖြစ်ရပ် အတွက် အားလုံးကိုတောင်းပန်ပါ တယ်'' ဟူ၍ စာထဲတွင်ဖော်ပြ ရေးသားထားသည်။

ကယ်ဆယ်ရေးအဖွဲ့များကမူ ကလေးများသည် ရေကူးရေငုပ် ခြင်းသင်ပေးထားသော်လည်း စိတ် ချရလောက်အောင် မတတ်ကျွမ်း သေးပါ။ သို့သော် နောက်တစ်ကြိမ် မိုးမရွာမီအထိ သူတို့ကိုအမြန်ဆုံး ကယ်ထုတ်နိုင်ရန် ကြိုးစားနေပါသည် ဟူ၍ ပြောဆိုလိုက်သည်။

ကလေးငယ်များကလည်း ဂူ အပြင်ဘက်ရှိ မိမိတို့မိဘများထံ စာရေးဆက်သွယ်ကြကာ၊ မိဘများ အား လွမ်းဆွတ်နေကြောင်း ဖော် ပြရေးသားကြသည်။

Ref : AP

Rate this item
(0 votes)
MSK

back to top