HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဂျပန်တွင် မိုးသည်းထန်စွာ ရွာသွန်း၊ ၁၁ ဦး သေဆုံး၊ အနည်းဆုံး ၄၅ ဦး ပျောက်ဆုံးနေ

ဂျပန်တွင် မိုးသည်းထန်စွာ ရွာသွန်း၊ ၁၁ ဦး သေဆုံး၊ အနည်းဆုံး ၄၅ ဦး ပျောက်ဆုံးနေ

တိုကျို၊ ဇူလိုင် ၇ - ဂျပန်နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ၁၁ ဦး သေဆုံးကာ အနည်းဆုံး လူ ၄၅ ဦး ပျောက်ဆုံးနေသည်ဟု NHK သတင်းဌာနက ဇူလိုင် ၆ ရက်က ပြောကြားလိုက်သည်ဟု ဇူလိုင် ၇ ရက် သတင်းများအရ သိရှိရသည်။ မိုးသည်းထန်မှုကြောင့် လူ ၁ ဒသမ ၆ သန်းကိုလည်း ကယ်ဆယ်မှုများ ပြုလုပ်ထားရသည်။

ဂျပန်မိုးလေဝသအေဂျင်စီ က ဟွန်ရှူးကျွန်းရှိ စီရင်စုလေးခု အား မိုးလေဝသအထူးသတိပေး ချက် ကြေညာကာ ဒေသခံများ အနေဖြင့် မိုးကြီး၍ မြေပြိုခြင်း၊ ရေကြီးခြင်းနှင့် လေပြင်းများ တိုက် ခတ်ခြင်းအား သတိပြုကြရန် သတိ ပေးကြေညာထားသည်။ မိုးသည်း ထန်စွာရွာပြီးနောက် လေထုပူနွေး လာတတ်ကြောင်းကိုလည်း ကြေ ညာချက်၌ ထည့်သွင်းထုတ်ပြန်ထား သည်။ ဟီရိုရှီးမားမြို့ အနောက်ပိုင်း တွင် လူတစ်ဦးသည် မိုးရေဖြင့် ချော ကာ တံတားပေါ်မှပြုတ်ကျသေဆုံး ခဲ့ရသည်။ ရှီဂါစီရင်စုရှိ တာကာ ရှိမားမြို့တွင်လည်း အသက် (၇၇) နှစ်အရွယ် အဘိုးအိုတစ်ဦးသည် ရေမြောင်းအတွင်း အမှိုက်ဆင်း ဆယ်ရင်း ရေစီးဖြင့် မျောပါကာ သေဆုံးခဲ့ရသည်ဟုြုံ သတင်း ဌာနက ပြောဆိုလိုက်သည်။ လူ နှစ်ဦးမှာ မြေပြိုရာတွင် မြေစာခဲ များပါကာ သေဆုံးသွားခဲ့ရသည်။ နောက်ထပ် နှစ်ဦးမှာ နှလုံးရောဂါ အခံဖြင့် အကြောက်လွန်ကာ သေ ဆုံးသွားခဲ့ရသည်။ အသက် (၉၅) နှစ်အရွယ် အဘွားအိုတစ်ဦးသည် လည်း တောင်ပြိုကျရာနေရာတစ်ခု ၏ အနီးအိမ်တစ်လုံးပေါ်၌ သေဆုံး နေကြောင်း တွေ့ရှိရသည်။ မိုးစ ရွာသော ဇူလိုင် ၅ ရက်က မိုးသည်း ထန်မှုကြောင့် လူလေးဦး သေဆုံးခဲ့ ရသေးသည်ဟုလည်း သိရှိရသည်။

ရာသီဥတုဘေးရန်သင့် ဒုက္ခ သည်များအား ရဲတပ်ဖွဲ့ဝင်များ၊ မီး သတ်သမားများနှင့် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အား ၄၈ဝဝဝ ခန့်တို့က မြေပြိုကျရာ နေရာ ၁ဝဝ သို့သွားရောက်ကာ ကယ်ဆယ်မှုများ ပြုလုပ်ပေးခဲ့ရ သည်ဟု အစိုးရအဖွဲ့အတွင်းဝန် ချုပ် ယိုရှီဟီဒါဆူဂါးက ထုတ်ဖော် ပြောဆိုလိုက်သည်။ ဂျပန်နိုင်ငံတွင် မိုးသည်းထန်မှုကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းအား ကယ်ဆယ်မှု များ ပြုလုပ်ထားပြီး ၃ ဒသမ ၁ သန်းတို့အား မိမိတို့ ဒေသများမှ စွန့်ခွာကြရန် မီးသတ်နှင့် သဘာဝ ဘေးအန္တရာယ်ကာကွယ်တားဆီး ရေးအေဂျင်စီက ထုတ်ဖော်ပြော ကြားလိုက်သည်။ ရှီကိုကူကျွန်းတွင် ဇူလိုင် ၅ ရက်နှင့် ၆ ရက် နှစ်ရက် အတွင်း မိုးရေချိန် ၅၈၃ မီလီမီတာ (၂၃ လက်မ) ရွာသွန်းခဲ့သည်ဟု မိုးလေဝသအေဂျင်စီက ထုတ်ဖော် ပြောကြားလိုက်သည်။

Ref;Reuters

Rate this item
(0 votes)
MSK

back to top