HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မကြုံစဖူး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျပန်တွင် အနည်းဆုံး လူ ၆၆ ဦးခန့်သေဆုံး

မကြုံစဖူး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျပန်တွင် အနည်းဆုံး လူ ၆၆ ဦးခန့်သေဆုံး

ကူရာရှီကီ၊ ဇူလိုင် ၈

မကြုံစဖူး မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ဂျပန်အနောက် ပိုင်းရှိ ကူရာရှီကီမြို့၌ အနည်းဆုံး လူ ၆၆ ဦး သေဆုံးခဲ့ပြီး ဆေးရုံ၌ လူ ၁ဝဝ ခန့်နှင့် မြို့ခံလူဦးရေ ၁ဝဝဝ ခန့် ခိုကိုးရာမဲ့သောင်တင်နေကြောင်း၊ မြစ်ကမ်းရိုးများအား ရေများလွှမ်းကျော်ခဲ့မှုကြောင့် ကယ်ဆယ်ရေးသမားများသည် လှေများ၊ ရဟတ်ယာဉ်များသုံးကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြရသည်။

လူဦးရေ ၅ဝဝဝဝဝ ခန့် နေထိုင်သော ကူရာရှီကီမြို့သည် ဂျပန် အနောက်ပိုင်းတွင် သည်းထန်စွာရွာသွန်းသော မိုး၏ အပြင်းထန်ဆုံးဒဏ်ကို ခံခဲ့ရခြင်းဖြစ်သည်။ ယခုမိုးသည် သာမန်ဇူလိုင်လ မိုးရေချိန်၏ သုံးဆမျှ ရွာသွန်းခဲ့သည်။ မိုးကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပွားကာ လူအများမှာ ၎င်းတို့၏ နေအိမ်(သို့) နေအိမ်ခေါင်မိုးတွင် ပိတ်မိနေ ကြသည်။ ''ဒီလိုမိုးမျိုး တစ်ခါမှမကြုံခဲ့ဖူးဘူး။ ဒီအခြေအနေဟာ အလွန်ကို စိုးရိမ်ရတယ်''ဟု ဂျပန်မိုးလေဝသအေဂျင်စီ (JMA)မှ တာဝန်ရှိသူက ဆိုခဲ့သည်။

ဂျပန်အစိုးရသည် ဂျပန်ဝန် ကြီးချုပ်ရုံးထဲ၌ အရေးပေါ် အခြေအနေ ကိုင်တွယ်ဖြေရှင်းရေး စင်တာတစ်ခုကို ဖွဲ့စည်းလိုက်ကာ ဂျပန်အနောက်တောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စစ်သားများပါဝင်သော အရေအတွက် ၅၄ဝဝဝ ခန့်ရှိသော ကယ်ဆယ်ရေးအဖွဲ့ကို ဖြန့်ကြက်စေ လွှတ်ခဲ့သည်။ ''ပျောက်ဆုံးနေသူတွေ အ မြောက်အမြား ရှိနေဆဲ၊ အကူအညီ လိုအပ်နေသူတွေလည်း အများကြီးပဲ၊ အချိန်ကိုလုပြီး အလုပ်လုပ် နေရတယ်''ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကဆိုသည်။

Ref: Reuters

#democracytoday

 

Rate this item
(0 votes)
back to top