HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တောင်ဆူဒန် ပြည်တွင်းစစ်ကြောင့် ဆူဒန် ကလေးငယ်များ အစာအာဟာရ မပြည့်ဝမှု၊ ငတ်မွတ်မှု၊ ကျောင်းထွက်ရမှုများ ကြုံတွေ့နေ

တောင်ဆူဒန် ပြည်တွင်းစစ်ကြောင့် ဆူဒန် ကလေးငယ်များ အစာအာဟာရ မပြည့်ဝမှု၊ ငတ်မွတ်မှု၊ ကျောင်းထွက်ရမှုများ ကြုံတွေ့နေ

ကုလသမဂ္ဂ၊ ဇူလိုင် ၈

ကမ္ဘာ့အငယ်ဆုံးနိုင်ငံ တောင်ဆူဒန်နိုင်ငံတွင် ၂ဝ၁၁ ခုနှစ်စာရင်းများအရ လူဦးရေ ၃ ဒသမ ၄ သန်းရှိပြီး ၂ ဒသမ ၆ သန်း(သို့မဟုတ်) လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ကလေးငယ်များ ဖြစ်ကြသည်။  ၎င်းတို့အားလုံး ပြည်တွင်းစစ် ကာလအတွင်းက မွေးဖွားခဲ့ကြသူများ ဖြစ်ကြသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) အမှုဆောင်ဒါရိုက်တာ ဟင်နရီတာဖို့က ပြောဆိုလိုက်သည်ဟု ဇူလိုင် ၈ ရက် သတင်းများအရသိရသည်။

''တောင်ဆူဒန်နိုင်ငံဟာ ခုနစ်နှစ်လုံးလုံး မပြီးဆုံးနိုင်တဲ့ ပြည်တွင်း စစ်တွေနဲ့ပဲ တွေ့ကြုံခဲ့ရပြီး ကလေး တွေ သန်းပေါင်းများစွာအဖို့ အိပ်မက်ဆိုးတွေအဖြစ် ကြုံတွေ့ခဲ့ကြရတယ်''ဟု ဆက်လက်ပြောကြားလိုက်သည်။ အနိဋ္ဌာရုံစစ်ပွဲများ၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာတွေကို ဆယ်စုနှစ်များစွာရင်ဆိုင်ခဲ့ကြရပြီး ကလေးတွေဟာ ကျောင်းမနေကြရ၊ အာဟာရ မဖွံ့ဖြိုးမှုတွေက ရောဂါဘယထူပြောမှုတွေနဲ့ ရင် ဆိုင်ကြုံတွေ့ခဲ့ကြရတယ်။ ဒီကြားထဲ မမျှမတ ဆက်ဆံခံရတာတွေ၊ လူကုန်ကူးမှုခံရတာတွေလည်း တွေ့ ကြုံခံစားခဲ့ကြရပါတယ်။ ဒါတွေကို စစ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေဟာ အလေးအနက် စဉ်းစားပြီး စစ်ပွဲရပ်စဲနိုင်ကြဖို့ လိုပါတယ်။ တောင်ဆူဒန်က ကလေးငယ် တွေဟာ ဒီအခွင့်အရေးမျိုးတွေ ရရှိဖို့ လိုအပ်နေပါတယ်''ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။


တောင်ဆူဒန်နိုင်ငံအတွင်း ပြည်တွင်းစစ်သည် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ ဖြစ်ပွားခဲ့သည်။ တောင်ဆူဒန် ကလေးငယ် ၁၉ဝဝဝ တို့သည် ကလေးစစ်သားများ၊ သတင်း ပေးများ၊ အထမ်းသမား၊ ပေါ်တာများအဖြစ် ထမ်းရွက်ခဲ့ကြရသည်။ အသက်မပြည့်တပြည့် မိန်းကလေးများမှာ လိင်စော်ကားမှုများဖြင့် အနိုင်ကျင့်ခံခဲ့ရသည်။ စစ်အတွင်းက ကလေးငယ် ၃၅ ရာခိုင်နှုန်းသည် အစားအစာ မစားရတာတစ်လှည့်၊ စားရတစ်လှည့် ရှိခဲ့ရာမှ ၂ဝ၁၄ ခုနှစ်က ယင်းကလေးငယ်များဦးရေ နှစ်ဆတိုးခဲ့ရသည်။ ဒုမ္ဘိက္ခကန္တရ ဘေးဒုက္ခနီးနီး ဆိုက်ရောက်ခဲ့ကြရသည်။ အာဟာရပြည့်ဝစွာ မစားသုံးရသော အ ခြေအနေသည် ကလေးငယ်ဦးရေ တစ်သန်းခန့်ထိ ရောက်ရှိကာ ကလေးငယ် ၃ဝဝဝဝဝ ခန့်မှာ မွေးဖွားပြီး သေဆုံးခြင်းနှုန်း မြင့်တက်ခဲ့သည်။


၂ဝ၁၃ ခုနှစ်တွင် ပြည်တွင်း စစ်ကြောင့် စာသင်ကျောင်းများ ဖျက်ဆီးခံရခြင်း၊ မဖွင့်လှစ်နိုင်ခဲ့ခြင်းများကြောင့် ကျောင်းနေအရွယ် ကလေးနှစ်သန်း ကျောင်းမနေခဲ့ ကြရချေ။ ယင်းအကျိုးဆက်ကြောင့် ဆူဒန်သည်ယခုအခါ ကမ္ဘာပေါ် တွင် ကျောင်းမနေရသူ ကလေးဦး ရေ အများဆုံးနိုင်ငံဖြစ်နေသည်။ ၂ဝ၁၁ ခုနှစ်က ဆူဒန်နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သော်လည်း ၂ဝ၁၃ ခုနှစ် ပြည်တွင်းစစ်ကြောင့် ကလေးငယ် တစ်သန်းအပါအဝင် လူဦးရေ ၂ ဒသမ ၅ သန်းကျော်မှာ နိုင်ငံမှ စွန့်ခွာထွက်ပြေးခဲ့ရသည်။ လွန်ခဲ့သောလအတွင်းက ခါ တွန်မြို့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေး ထိုးနိုင်ခဲ့၍ ဆူဒန်ပြည်တွင်းစစ် ရပ်စဲနိုင်ရန် မျှော်လင့်ချက်တစ်ရပ်ဖြစ် လာခဲ့ရသည်ဟုဖို့က ပြောဆို လိုက်သည်။ 

Ref: Xinhua

#democracytoday

Rate this item
(0 votes)
back to top