HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ရွေးကောက်ပွဲတွင် ထပ်မံ အရွေးခံရန်အတွက် မဲဆွယ်မှု စတင်

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ရွေးကောက်ပွဲတွင် ထပ်မံ အရွေးခံရန်အတွက် မဲဆွယ်မှု စတင်

ဖနွမ်းပင်၊ ဇူလိုင် ၈

လာမည့်ဇူလိုင် ၂၉ ရက် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲများကို လက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP)က ဇူလိုင် ၇ ရက်တွင် စတင် ခဲ့သည်။ CPP ၏ အဓိကပြိုင်ဘက်ပါတီသည် မနှစ်က ပျက်သုဉ်းသွားခြင်းကြောင့် CPP သည်ပင် အနိုင်ရရန် သေချာသ လောက်ရှိသည်။

ကမ္ဘောဒီးယားကို ဆယ်စုနှစ်ပေါင်း သုံးခုကျော်ကြာ အုပ်စိုးခဲ့သော ဟွန်ဆန်က ၎င်း၏အစိုးရသာ အာဏာပြန်လည်ရရှိခဲ့ပါက ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်လုပ် ဆောင်မည်ဟု မဲဆွယ်ပွဲသို့ လာရောက်သော ၆ဝဝဝဝ ကျော်မျှ သော ၎င်း၏ထောက်ခံသူများအား ပြောကြားခဲ့သည်။ ကမ္ဘော ဒီးယားသည် အာရှရှိ အဆင်းရဲဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံအပါအဝင် ဖြစ်သည်။ CPP ၏ အဓိကပြိုင်ဘက် အတိုက်အခံပါတီ၊ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီသည် မနှစ်ကတရားရုံးချုပ် ၏အမိန့်ကြောင့် ပြိုကွဲခဲ့ရသည်။ ယင်းမှာ အာဏာရ  CPP ပါတီ၏လက်ချက်ဟု အများကလက်ခံထားကြသည်။ အတိုက်အခံပါတီဘက်က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တောင်းဆိုထားသည်။


ဇူလိုင် ၂၉ ရက်တွင် ပြုလုပ်မည့် ကမ္ဘောဒီးယားရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၂ဝ ခန့် ပါဝင်ယှဉ်ပြိုင်ပေမယ့် အများစုမှာ ပါတီအသေးစားများသာဖြစ်ကာ ဘဏ္ဍာရေး တောင့်တင်းမှုလည်း မရှိပေ။ အခြားသောပါတီများကလည်း ကမ္ဘောဒီးယားရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲဟူသော ပုံစံတစ်ခုရစေရန်အတွက် အာဏာရ CPP ၏ ထောက်ပံ့ခံပါတီများသာဖြစ်သည်။  ယခုရွေးကောက်ပွဲသည် ကမ္ဘောဒီးယား၏ ခြောက်ကြိမ် မြောက် ရွေးကောက်ပွဲဖြစ်သည်။ အသက် (၆၇)နှစ်ရှိပြီ ဖြစ် သော ဟွန်ဆန်က CPP သည် ငါးနှစ်သက်တမ်းရှိ ဝန်ကြီးချုပ်ရာထူးကို နှစ်ကြိမ်မျှ ထပ်မံထမ်းဆောင်ရန် အစီအစဉ်ရှိသည်ဟု ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။

Ref: Bangkok Post

#democracytoday

Rate this item
(0 votes)
back to top