HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကယ်လီဖိုးနီးယား တောမီးကြောင့် အဝေးပြေး လမ်းမကြီးကို ပိတ်ထား

ကယ်လီဖိုးနီးယား တောမီးကြောင့် အဝေးပြေး လမ်းမကြီးကို ပိတ်ထား

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၉

အမေရိကန်ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းတွင် တောမီးများဧက ၅ဝဝ ခန့်ထပ်မံလောင်ကျွမ်းနေ၍ အမှတ် ၅၈ဝ အဝေးပြေးလမ်းမကြီးကို Altamont Pass နေရာ မှစတင်ကာ ဇူလိုင် ၈ ရက်ကပိတ်ထားလိုက်သည်ဟု ဇူလိုင် ၉ ရက် သတင်းများအရသိရသည်။

ယင်း နေရာသည် အော့ကလန်မြို့ အရှေ့ ဘက်မိုင် ၄ဝ ကွာဝေးသောနေရာ ဖြစ်သည်။ ယခင်ပိတ်ထားသော အနောက်ပတ်လမ်းအား ည ၇ နာရီက ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။

 

အားလပ်ရက် ခရီးထွက်နေသူများလည်း လမ်းတစ်ဖက်တစ်ချက်၌ လောင်ကျွမ်းနေ သောမီးလျှံနှင့် မီးခိုးများပိတ် မှောင်နေရာမှ ဖြတ်မောင်းကာ မိမိတို့အိမ်များရှိရာသို့ အပြင်း ပြန်လည် မောင်းနှင်လာနေကြသည် ဟု ဖြတ်မောင်းလာခဲ့ရသူ ယာဉ် မောင်းတစ်ဦးက The San Francisco Chronicle သတင်းစာတိုက်ကြီးသို့ပြောကြားခဲ့ကြောင်း သတင်းစာက ရေးသားဖော်ပြခဲ့သည်။ တောမီး ထပ်မံလောင်ကျွမ်းမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အိမ်ခြေ ၇၂ လုံးကူးစက်လောင် ကျွမ်းခဲ့သည်ဟု မီးသတ်သမား များကပြောကြားခဲ့သည်။ 

 

ယင်းထပ်မံလောင်ကျွမ်း သော ကယ်လီဖိုးနီးယားတောမီး သည် လူတို့ပေါ့ဆမှုကြောင့် ထပ် မံလောင်ကျွမ်းခဲ့ရခြင်းဖြစ်နိုင်သည်ဟု မီးသတ်တပ်ဖွဲ့ကခန့်မှန်းထားသည်။ 

Ref:AP

#democraytoday

Rate this item
(0 votes)
back to top