HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တောင်ကိုရီးယားနိုင်ငံ အင်ချွန်း ဆိပ်ကမ်း၌ အဆိပ်ရှိ အသားစား ပုရွက်ဆိတ်နီများ တွေ့ရှိ

တောင်ကိုရီးယားနိုင်ငံ အင်ချွန်း ဆိပ်ကမ်း၌ အဆိပ်ရှိ အသားစား ပုရွက်ဆိတ်နီများ တွေ့ရှိ

ဆိုးလ်၊ ဇူလိုင် ၉

တောင်ကိုရီးယားနိုင်ငံ အင်ချွန်ဆိပ်ကမ်းအနောက်ဘက်တွင် ကိုက်မိလျှင် အဆိပ်ရှိသောအသား စားပုရွက်ဆိတ်များကို တွေ့ရှိရ သောကြောင့် ကူးစက်ရောဂါများမ ဖြစ်ပွားစေရန်နှင့် ယင်းတို့အား နှိမ်နင်းနိုင်ရေးနည်းလမ်းများကို ပိုးမွှားဆိုင်ရာဆရာဝန်များက လုပ်ဆောင် နေရသည်ဟု ဇူလိုင် ၉ ရက်သတင်းများအရ သိရှိရသည်။

ယင်းအသားစားပုရွက်ဆိတ်နီကောင်ရေ ၇ဝ ခန့်အား အင်ချွန်းဆိပ်ကမ်းခရီးသည်များ ဝင်ထွက်သွားလာရာနေရာတွင် ဇူလိုင် ၇ ရက်က တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ယင်းအပြင် ဇူလိုင် ၆ ရက်က ပုရွက်ဆိတ်ဘုရင်မနှင့် လုပ်သားပုရွက်ဆိတ်ကောင်ရေ၆၇ဝ ကောင်အပါအဝင် ၇၇၆ ကောင်ရေအား တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ယင်းသည်ပူအပိုင်း တိရစ္ဆာန်များအားနိုင်ငံတွင်း ပထမဦးဆုံးအဖြစ် တွေ့ရခြင်းဖြစ်သည်။ ''ဒီပုရွက်ဆိတ်မျိုးတွေ ပထမဆုံးအကြိမ် စတင်တွေ့ရပြီး အဲဒီ နေရာက မီတာ ၈ဝ အကွာနေရာမှာ အကောင် ၇ဝ ကျော် ထပ်တွေ့ ရခြင်းပဲ''ဟု ကျေးလက်စိုက်ပျိုးရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ''ဒီကောင်တွေဘယ်ကနေ ဘယ်လိုရောက်လာရသလဲ။ ဘယ်လိုအမျိုးအစားတွေလဲဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်''ဟုလည်း ဖော် ပြထားသည်။


ယင်းအသားစားပုရွက်ဆိတ်နီများအား ဆိုးလ်မြို့တောင်ဘက် Pyeongtaek မြို့တွင် ဇွန် ၁၈ ရက်က စတင်တွေ့ခဲ့ရခြင်းဖြစ်သည်။ ထို့နောက် နှစ်ရက်အကြာတွင် ဘူဆန်မြို့၌ ယင်းတို့အားအသိုက် ၁၁ ခုဖြင့် ကောင်ရေ ၃ဝဝဝ ခန့် ထပ်မံတိုးပွားလာကာ တွေ့ရှိရခြင်းဖြစ်သည်။ ယင်းအတွက် တောင်ကိုရီးယားကျေးလက်စိုက်ပျိုးရေး အစားအစာဝန်ကြီးဌာနတို့က ယင်းတို့ အန္တရာယ်အား သတိပြုနိုင်ရန် နှိုး ဆော်သတိပေးခဲ့သည်။ ယင်းပုရွက် ဆိတ်များကိုက်ပါက လူတို့တွင် ယားယံကာ အဖုအပိန့်များထွက်လာနိုင်ပေသည်။ ထို့ပြင်အသက် သေဆုံးသည်အထိပင် ဖြစ်နိုင်လေသည်။ တွေ့ရှိထားသော နေရာများအားလည်း အရာရှိများက ပိုးသတ် ဆေးများဖျန်းထားပြီးဖြစ်သည်။ ယင်းပုရွက်ဆိတ်များသည် အပူပိုင်းဒေသ၌ ပေါက်ဖွားသော အင်းဆက်မျိုးနွယ်များဖြစ်သော်လည်း နိုင်ငံတွင်းသို့ရောက်ရှိလာ သော ကွန်တိန်နာများ၊ သေတ္တာဘူးခွံများဖြင့်ပါလာကာ မျိုးပွား ခြင်းဖြစ်၍ အမေရိကန်၊ သြစတြေးလျနှင့် တရုတ်နိုင်ငံများတွင်လည်း တွေ့ရှိရလေသည်။


Ref: Yonhap

#democraytoday

Rate this item
(0 votes)
back to top