HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဗီယက်နမ်နှင့် မြောက်ကိုရီးယား ဆက်ဆံရေးကို မိုက်ပွန်ပီယို ချီးကျူး

ဗီယက်နမ်နှင့် မြောက်ကိုရီးယား ဆက်ဆံရေးကို မိုက်ပွန်ပီယို ချီးကျူး

ဟနွိုင်း၊ ဇူလိုင် ၉

အမေရိကန်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ဗီယက်နမ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ဆက်ဆံရေးတိုးတက်နေပုံအား စံနမူနာကောင်းအဖြစ် အထူးချီးကျူးပြောဆိုလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုသည် ဗီယက်နမ်ဝန်ကြီးချုပ် နိုင်ငံ ခြားရေးဝန်ကြီးအပါအဝင် ဗီယက်နမ်ထိပ်တန်းအရာရှိများနှင့် ဟနွိုင်း မြို့တွင် ဂျပန်နှင့် မြောက်ကိုရီးယားမှ အပြန်ခရီးတွင် ဝင်ရောက်ကာ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

''အမေရိကန်နိုင်ငံအနေနဲ့က ဗီယက်နမ်နိုင်ငံနဲ့ ဆက်ဆံရေး အထူး ကောင်းမွန်နေပါတယ်''ဟု ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖန်ဗင်မင်းနှင့် တွေ့ဆုံရာတွင် ပွန်ပီယိုက ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ရာတွင် ဗီယက်နမ်မှ ပူးပေါင်းပါဝင်လာနိုင်ရန် ပွန်ပီယိုက တိုက်တွန်းခဲ့သည်။ အမေရိကန်၏ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများချ မှတ်ခြင်းသည် ''လူမိုက်ဆန်ဆန်အနိုင်ကျင့်ခြင်းဖြစ်သည်''ဟု မြောက်ကိုရီးယားက ဝေဖန်ပြောဆိုခဲ့သည်။ အမေရိကန်နှင့် ဗီယက်နမ်တို့သည် တစ်ချိန်က ရန်သူများဖြစ်ခဲ့ကြ သော်လည်း ယခုရန်သူများမဟုတ်ကြတော့၍ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်အောင် ပူးပေါင်းဆောင်ရွက် ကြရမည်ဟု ပွန်ပီယိုက ပြောဆိုလိုက်သည်။ 

Ref: AP

#democraytoday

Rate this item
(0 votes)
back to top