HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တူရကီတွင် အစိုးရသစ် ဖွဲ့စည်း၊ သမ္မတအာဒိုဂန် ကျမ်းကျိန်ဆို

တူရကီတွင် အစိုးရသစ် ဖွဲ့စည်း၊ သမ္မတအာဒိုဂန် ကျမ်းကျိန်ဆို

အင်ကာရာ၊ ဇူလိုင် ၁ဝ

ရီဆက်တေယစ်အာဒိုဂန်သည် တူရကီသမ္မတအဖြစ် ဇူလိုင် ၁ဝ ရက်က ပါလီမန်တွင်ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီး တူရကီအစိုးရအဖွဲ့ ဝင်များစာရင်းကိုထုတ်ပြန်ကြေညာလိုက်သည်။ သမ္မတနန်းတော်တွင် ကျင်းပသောရာထူးလက်ခံ သောအခမ်းအနားသို့ နိုင်ငံခြားအကြီးအကဲများနှင့်အထက်တန်းအရာရှိများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားသို့ ရုရှားဝန်ကြီးချုပ်ဒီမီထရီမက်ဗီဒက်က သဝဏ်လွှာပေးပို့ခဲ့သည်ဟု အစိုးရ ပိုင် Anadolu Agency က ဖော် ပြလိုက်သည်။

''ဒီနေ့ဟာ ကျွန်တော်တို့တူရကီနိုင်ငံမှာ ခေတ်သစ်တစ်ရပ် စတင်မယ့်နေ့ဖြစ်ပါတယ်။ နိုင်ငံရဲ့ စနစ်ဟောင်းတွေဟာ နောက်မှာ ကျန်ရစ်ခဲ့ပါပြီ''ဟု အသက်(၆၄)နှစ်ရှိ သမ္မတအာဒိုဂန်ကရာထူးလက်ခံသောအခမ်းအနားတွင် ထုတ် ဖော်ပြောဆိုလိုက်သည်။ ''တူရကီနိုင်ငံဟာ ဒီမိုကရေစီအရေး၊ အခြေခံလူ့အခွင့်အရေး၊ စီးပွားရေးနဲ့ရင်းနှီး မြှုပ်နှံမှုစတဲ့ ဘက်ပေါင်းစုံကဏ္ဍကနေ ခေတ်သစ်ကိုလှမ်းချီရမှာ ဖြစ်ပါတယ်။''၂ဝဝ၃ ခုနှစ်ကပင် တူရကီနိုင်ငံတွင် သမ္မတရာထူးရယူထားခဲ့သူအာဒိုဂန်သည် ဇွန် ၂၄ ရက် ကရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။


တူရကီနိုင်ငံတွင် ယခင်ကဝန်ကြီး ၂၆ ဦးရှိခဲ့ရာမှ ယခုအခါ ၁၆ ဦးသာလျှော့ချဖွဲ့စည်းလိုက် ပြီဖြစ်သည်။ အချို့သောဝန်ကြီး ဌာနချင်းပူးပေါင်းရာတွင် ဥရောပသမဂ္ဂရေးရာဝန်ကြီးဌာနအား နိုင်ငံ ခြားရေးရာဝန်ကြီးဌာနနှင့်ပေါင်းစပ် ဖွဲ့စည်းခဲ့သည် သမ္မတအာဒိုဂန်၏သမက်ဖြစ်သူ စွမ်းအင်ဝန်ကြီး ဘာရတ်အဘေယတ်အား စီးပွား ရေးနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံတွင်းအရေး ကြီးသောဝန်ကြီးဌာနများဖြစ် သော ပြည်ထဲရေးဝန်ကြီးအဖြစ် ဆူလေမန်ဆွိုင်လူ၊ တရားရေးဌာန ဝန်ကြီးအဗ္ဗဒူလ်ဟာမစ်ဂူးလ်နှင့် နိုင်ငံခြားရေးဌာနဝန်ကြီးအဖြစ် မက်ဗလုကာဗူဆိုဂလူတို့အား ခန့်အပ်လိုက်သည်။ အစိုးရအဖွဲ့အတွင်းဝန်ချုပ်ဗိုလ်ချုပ်ကြီး ဟူလူစီအကာက ကာကွယ်ရေးဝန်ကြီးဖြစ်လာသည်။ တူရကီဒုတိယသမ္မတအဖြစ် ဖူယတ်အော့ကတေးအား ခန့်အပ် လိုက်သည်။ အခြားဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများခန့်အပ် ကြောင်းကိုလည်း သတင်းထုတ် ပြန်ကြေညာခဲ့သည်။


သမ္မတအာဒိုဂန်အနေဖြင့် နိုင်ငံ၏စီးပွားရေးမူဝါဒများနှင့် နိုင်ငံခြားရေးမူဝါဒကိုလည်း မကြာမီထုတ်ပြန်ကြေညာမည်ဖြစ်သည်။  ''ဒီနှစ်ခုဟာ တူရကီနိုင်ငံကို ပုံဖော်ပေးရမယ့်အရေးကြီး အချက်နှစ်ရပ်ပါပဲ''ဟု သတင်းစာဆရာ တစ်ဦးဖြစ်သူ ဆာကန်ဒီမီတာ့စ်က ပြောဆိုလိုက်သည်။ တူရကီသမ္မတအာဒိုဂန်သည် အဇာဘိုင်ဂျန်၊ တူရကီမြောက်ပိုင်းရှိ ဆိုက်ပရပ်စ်နိုင်ငံများသို့ ယခုရက်သတ္တပတ်အတွင်းချစ်ကြည် ရေးခရီးသွားရောက်မည်ဖြစ်သည်။ ယင်းအပြင်ဇူလိုင် ၁၁ရက်တွင် ဘရပ်ဆဲလ်၌ ကျင်းပမည့်မြောက် အတ္တလန္တိတ်စာချုပ်အဖွဲ့အစည်းအဝေးသို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင် အခြားသောခေါင်း ဆောင်များတို့နှင့်အတူ တက် ရောက်မည်ဖြစ်သည်။

Ref:Xinhua

#democracytoday

Rate this item
(0 votes)
back to top