HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မာရီယာ တိုင်ဖွန်း မုန်တိုင်းကြောင့် ထိုင်ဝမ်တွင် ကျောင်းများ၊ လေယာဉ် ခရီးစဉ်များ၊ ကူးတို့ ခရီးစဉ်များ ပိတ်

မာရီယာ တိုင်ဖွန်း မုန်တိုင်းကြောင့် ထိုင်ဝမ်တွင် ကျောင်းများ၊ လေယာဉ် ခရီးစဉ်များ၊ ကူးတို့ ခရီးစဉ်များ ပိတ်

တိုင်ပေ၊ ဇူလိုင် ၁ဝ

မာရီယာတိုင်ဖွန်းမုန်တိုင်းသည် ထိုင်ဝမ်ကျွန်းသို့ ဦးတည်လာနေပြီး မိုးကြီးကာ လေပြင်းများ တိုက်ခတ်နေပြီဖြစ်၍ ထိုင်ဝမ်တွင် ဇူလိုင် ၁ဝ ရက်မှစတင်ကာ ထိုင်ဝမ် မြို့ကြီးငါး မြို့တွင် စာသင်ကျောင်းများပိတ်ခြင်း၊ ပြည်တွင်း၊ ပြည်ပ လေယာဉ်ခရီးစဉ်များအား ရပ်နားလိုက်ခြင်းနှင့် ကူးတို့ရေယာဉ်များ သွားလာခြင်းအား ရပ်ဆိုင်းလိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သတင်းများအရ သိရသည်။

မာရီယာတိုင်ဖွန်းမုန်တိုင်းသည် အရှေ့မြောက်ရှိ ယီလန်ကမ်းရိုးတန်းမြို့၏အရှေ့ဘက် ကီလိုမီတာ ၅ဝဝ အကွာ၌ ဒေသန္တရစံတော်ချိန် နံနက် ၁ဝ နာရီက ဗဟိုချက်လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၉ဝ ဖြင့် တိုက်ခတ်နေသည် ဟု မိုးလေဝသဌာနက ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းသည် ဆက်လက် ပိုမိုအားကောင်းလာနိုင်မည်ဖြစ်ပြီး ဇူလိုင် ၁၁ ရက် အစောပိုင်းတွင် ကျွန်းမကြီးဘက်သို့ ဝင် ရောက်တိုက်ခတ်လာမည်ဟု ခန့်မှန်းရသည်ဟု သတင်းထုတ် ပြန်ထားသည်။

 

မုန်တိုင်းကြောင့် မိုးရေချိန် မီလီမီတာ ၅ဝဝ (၁၉ ဒသမ ၇ လက်မ) ရွာသွန်းနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။ ဒေသခံများအနေဖြင့် မိုးသည်းထန်၍ ရေကြီးမှု၊ တောင်ပြိုမှုများ ရှိလာနိုင်၍ သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။ ယီလန်မြို့တွင်လည်း လှိုင်းကြီးမှုများ တွေ့ကြုံရ မည်ဟုလည်း ခန့်မှန်းထားသည်။ ကမ်းနီးကမ်းဝေး တံငါသည်များအား ငါးဖမ်းမထွက်ကြရန် နှိုးဆော်ထားသည်။ မုန်တိုင်းသတိပေးချက်ကြောင့် ထိုင်ဝမ်လေကြောင်းလိုင်းသည် ပြည်တွင်းလေယာဉ်ခရီးစဉ် ၇ဝ ကိုလည်းကောင်း၊ ဂျပန်နိုင်ငံ အိုလီခါနာကျွန်းသို့ ပျံသန်းနေသော ခရီးစဉ် ၂၃ ခုကိုလည်းကောင်း ရပ်ဆိုင်းလိုက်သည်။

Ref: AFP

#democracytoday

Rate this item
(0 votes)
back to top