HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းဂူအတွင်း ကလေးငယ်များကို ကယ်ထုတ်နိုင်ရန် Elon Musk က ရေငုပ်သင်္ဘောငယ်ဖြင့် ကူညီပေးရန် ကမ်းလှမ်းခဲ့

ထိုင်းဂူအတွင်း ကလေးငယ်များကို ကယ်ထုတ်နိုင်ရန် Elon Musk က ရေငုပ်သင်္ဘောငယ်ဖြင့် ကူညီပေးရန် ကမ်းလှမ်းခဲ့

ဝါရှင်တန်၊ ဇူလိုင် ၁ဝ

အမေရိကန် အာကာသလုပ်ငန်းရှင် elon musk က ၎င်းသည် ထိုင်းနိုင်ငံရှိ ရေနစ်မြုပ်ဂူအတွင်း ကယ်ဆယ်ရာဌာနသို့ ဇူလိုင် ၁ဝ ရက်က ရောက်ရှိခဲ့ပြီး ဂူအတွင်း ပိတ်မိကျန်ရှိနေသေးသော ကလေးငယ်ငါးဦးအား ဂူအပြင်ဘက်သို့ ကယ်ထုတ်နိုင်ရေးတွင် လိုအပ်ပါက ရေငုပ်သင်္ဘောငယ်အကူအညီပေးနိုင်ကြောင်း ၎င်း၏တွစ်တာမှ တစ်ဆင့် ထုတ်ဖော်တင်ပြလိုက်သည်။

''အခုရေငုပ်သင်္ဘောငယ်ကို ဒုံးပျံအပိုင်းအစတွေနဲ့ ပြုလုပ်ထားပြီး ရေအောက် ကယ်ဆယ်ရေးတွေမှာ အသုံးဝင်ပါတယ်''ဟုလည်း ၎င်းက ပြောဆိုလိုက်သည်။ ''လိုဏ်ဂူ-၃ အတွင်းမှာ အခု ပဲ စမ်းသပ် မောင်းနှင်ခဲ့ပြီးပါပြီ။ အောင်မြင်ပါလိမ့်မယ်''ဟု ဆက်လက် ပြောဆိုလိုက်သည်။ လိုဏ်ဂူ-၃ သည် ထိုင်းက လေးငယ်များ ပိတ်မိနေသော ဂူနှင့် တစ်ဆက်တည်းဖြစ်ပြီး မူလဝင် ပေါက်မှ နှစ်ကီလိုမီတာ အကွာအ ဝေးတွင် တည်ရှိသည်။ သန်လျောင် ထုံးကျောက်ဂူ ကြီးသည် ရှုပ်ထွေးပွေလီ အကောက် အကွေ့များသော ဝင်္ကပါလိုဏ်ဂူ ကြီးဖြစ်ပြီး လေဝင်လေထွက် နည်းပါးကာ ရေပြည့်လျှံနေသော ဂူကြီးလည်း ဖြစ်သည်။

 

ပိတ်မိကလေးငယ်များအား ဂူပြင်သို့ရောင်အောင် ထိုင်းရေငုပ်သမားများသည် နိုင်ငံတကာရေ ငုပ်သမားများ၊ ဂူတွင်းကယ်ဆယ် ရေး ကျွမ်းကျင်သူများနှင့် ပူးပေါင်းကာ ကလေးငယ်ခြောက်ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်သည်။ ထိုင်းရေငုပ်အဖွဲ့ဝင် တစ်ဦးသည် ကယ်ဆယ်ရေးတာဝန်များထမ်းဆောင်ရင်း ဂူအတွင်း အောက်ဆီဂျင်ပြတ်ကာ သေဆုံးခဲ့ရသည်။ ရေအောက်မှတစ်ဆင့် ကယ်တင်ပါက ရေငုပ်သင်္ဘောငယ်ဖြင့် ကယ်တင်ခြင်းသည် လူဖြင့် ကယ်တင်ခြင်းထက် ဘေးအန္တရာယ်ကျ ရောက်မှုသက်သာနိုင်စေမည်ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိနေသေး သော ကလေးငယ်များအား သယ်ယူရာတွင် ရေငုပ်သင်္ဘောငယ်အားလိုအပ်ပါက အသုံးပြု ကယ်တင်ပါရန် မာ့စ်ခ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။


Elon Musk က ''ရေငုပ် သင်္ဘောငယ်သည် ပေါ့ပါးပြီး တစ်ကြိမ်လျှင် လူနှစ်ဦး တင်ဆောင်ကယ်ဆယ်နိုင်ပြီး လိုဏ်ဂူအတွင်း ကျဉ်းမြောင်းသော လမ်းကြောင်းများသို့လည်း အလွယ်တကူ ဝင်ထွက်သွား လာနိုင်သည်''ဟု ၎င်းက ထုတ်ဖော် ပြောကြားလိုက်သည်။ မာ့က်စ်သည် Tesla  လျှပ်စစ်ကားကိုလည်း ပူးတွဲတည်ထောင်သူဖြစ်သည်။ 

Ref: AP

#democracytoday

Rate this item
(0 votes)
back to top