ထရန့်က မီဒီယာများအား အသစ်ထပ်မံ တိုက်ခိုက်

ဝါရှင်တန်၊ သြဂုတ် ၆
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်သတင်း မီဒီယာများအား အသစ်ထပ်မံတိုက်ခိုက်မှုကို သြဂုတ် ၅ ရက်က ပြု လုပ်ခဲ့ကြောင်း၊ ၎င်းကမီဒီယာများ ကြောင့် ''စစ်ပွဲဖြစ်ပွားနိုင်ကြောင်း'' ပြောကြားလိုက်သည်။ ထရန့်က ၎င်း၏တွစ်တာတွင် မီဒီယာများကို ''ပြည်သူ့ရန်သူ''ဟု ဖော်ပြလိုက်သည်။ မီဒီယာများသည် ရည်ရွယ်ချက်ဖြင့် ကွဲပြားမှုနှင့် ပျက်စီးမှုများကို လုပ်ဆောင် နေကြသည်ဟု ဖော်ပြခဲ့သည်။ မီဒီယာများကြောင့် စစ်ပွဲလည်းဖြစ်ပွားစေနိုင်သည်ဟု ထရန့်ကဆိုသည်။
ဤတိုက်ခိုက်မှုမှာ ထရန့်အစိုးရနှင့် အမေရိကန်မီဒီယာများ အကြား တင်းမာမှုမြင့်မားနေချိန် ၌ ပြုလုပ်ခဲ့သည်။ တချို့ကို ထရန့်က ''သတင်းမှားများ''ဟု သမုတ်ခဲ့သည်။ ဤသည်ကို မီဒီယာများက အကြီးအကျယ် ဝေဖန်ခဲ့ကြသည်။ ထရန့်၏သမီးလည်းဖြစ်၊ အကြံပေးလည်းဖြစ်သူ အီဗန်ကာထရန့်က သမ္မတ၏ရပ်တည်ချက်နှင့်မတူဘဲ ယခင်အပတ်က မီဒီယာများမှာ ပြည်သူ့ရန်သူများမဟုတ်ဟု ပြောကြားလိုက်သည်။ လက်ရှိစစ်ဆေးနေသည့် ရွေး ကောက်ပွဲ၌ ရုရှားပါဝင်ပတ်သက်မှုကိစ္စတွင် ရောဘတ်မူလာက ၂ဝ၁၆ ရွေးကောက်ပွဲ၌ ရုရှားပါဝင်ပတ်သက်မှုအား စစ်ဆေးရာတွင် ထရန့်၏ရွေးကောက်ပွဲအဖွဲ့နှင့် ရုရှားတို့ လျှို့ဝှက်ပူးပေါင်းကြံစည် မှုရှိနိုင်သည်ဟု ပြောကြားခဲ့သည်။
ယခုအခါ ရောဘတ်မူလာသည် သမ္မတ၏သားအကြီး ထရန့် ဂျူနီယာကို စစ်ဆေးလျက်ရှိသည်။ ၂ဝ၁၆ ခုနှစ် ဇွန်လတွင် ရုရှားရှေ့နေ နှင့်တွေ့ဆုံ၍ ဟီလာရီကလင်တန်၏သတင်းများကိုဖော်ခဲ့သည်။ ထိုအစည်းအဝေး၌ ထရန့်ဂျူနီယာ ကိုယ်တိုင်ပါဝင်ခဲ့သည်။ အတိုက်အခံဘက်မှ သတင်းရရှိရန် စည်းဝေးခြင်းဖြစ်သည်။ လုပ်ဆောင်မှုအားလုံးမှာ နိုင်ငံရေး ဖြစ်သည်ဟုဆိုသည်။ ထရန့်က ၎င်း၏သားဘက်မှ ကာကွယ်ပြော ကြားလျက်ရှိသည်။ ဝါရှင်တန်ပို့စ်သတင်းစာက ဤအစည်းအဝေးတွင် ၎င်း၏သား နှင့်အတူ ထရန့်လည်း ပါဝင်ပတ် သက်ခဲ့ကြောင်း ဖော်ပြချက်ကို ထရန့်က ငြင်းဆိုလိုက်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ထရန့် က ကင်းကင်းနေရန် ကြိုးစားလျက်ရှိသည်။
Ref: Xinhua
#democracytoday
Latest from M Bwe
- စိတ်ဝမ်းကွဲနေသော လူမှုအသိုင်းအဝန်းများ စည်းလုံးညီညွှတ်မှု ရှိကြစေရေး ကီယာနိုက်တလေ ဆော်သြ
- ရထားလက်မှတ် လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်မည့် လက်မှတ်ရောင်းချမှု စနစ်သို့ ပြောင်းလဲဆောင်ရွက်မည်
- သမ္မတထရန့်၏ မီယာမီမိန့် ခွန်းသည် ရန်လိုရိုင်းစိုင်းမှုများ ရှိနေသည်ဟု ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဆို
- ပြင်သစ်နိုင်ငံတွင် လူပေါင်းထောင်သောင်းချီ၍ ဂျူးလူမျိုးရေးဝါဒ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ကန့်ကွက်ဆန္ဒပြ
- အမေရိကန် အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးက ၂ဝ၂ဝ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဟုဆို