HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

သွေးတိုးကျဆေး ၅၉ မျိုး ရောင်းချမှု တောင်ကိုရီးယား ပိတ်ပင်

သွေးတိုးကျဆေး ၅၉ မျိုး ရောင်းချမှု တောင်ကိုရီးယား ပိတ်ပင်

ဆိုးလ်၊ သြဂုတ် ၆

တောင်ကိုရီးယားဆေးဝါး ကြီးကြပ်ရေးအဖွဲ့က သြဂုတ် ၆ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ပြည်တွင်းဆေးဝါးထုတ်လုပ် ရေးကုမ္ပဏီ Daebong LS Co, အား Valsartan ဆေးဝါးထုတ်လုပ်မှု၊ ရောင်းချမှုကို ပိတ်ပင်လိုက် ကြောင်း။ အဆိုပါ ဆေးဝါးများမှာ သွေးတိုးကျစေရန် အသုံးပြုကြောင်း။ ထိုဆေးဝါးများ ဖော်စပ်ရာ၌ ကင်ဆာဖြစ်စေတတ်သည့် ပစ္စည်းများ ပါဝင်နေကြောင်း ယွန်ဟပ်သတင်းက ဖော်ပြလိုက်သည်။

ဆေးဝါးနှင့်အစားအစာ လုံခြုံရေးဝန်ကြီးဌာနကလည်း ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ၂၂ ခုအား DaebongLS ကုမ္ပဏီထုတ်ဆေးဝါး ၅၉ မျိုးကို ရောင်းချခွင့်ပိတ်ပင်လိုက်သည်။ အဆိုပါဆေးများတွင် Valsartan များပါဝင်နေသည်ဟုဆိုသည်။ ဤသို့ပိတ်ပင်ရခြင်းမှာ Daeb ongLS  ထုတ်ဆေးဝါးများတွင်N--နိုက်ထရိုဆိုဒီမီသိုင်းလာမိန်း (NDMA) ဓာတ်ပါဝင်နေကြောင်း ပေါ်ပေါက်ခဲ့၍ဖြစ်သည်။


NDMA အား ခွဲခြမ်းစိတ် ဖြာခဲ့ရာ လူသားများ ခန္ဓာအစိတ်အပိုင်းများ၌ ကင်ဆာဖြစ်စေတတ်သည့် ဓာတ်များ ပါဝင်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကင်ဆာသုတေသနနိုင်ငံတကာအေဂျင်စီက ပြောကြားလိုက်သည်။ DaebongLS သည် ဤ Valsartan  အား တရုတ်ပြည် ကျူ ဟိုင်းရန်ဒူမင်တန် ဆေးဝါးထုတ် လုပ်ရေးကုမ္ပဏီမှ တင်သွင်းခဲ့ခြင်း ဖြစ်သည်။


Yonhap

#democracytoday

Rate this item
(0 votes)
back to top